ကဲ ခု မိုးရာသီလည်း ရောက်ပြီဆိုတော့ မိုးရာသီနဲ့အလွန်လိုက်ဖက်တဲ့ Romance Drama လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Dramaလေးကတော့ ကြည့်ဖူးသူတိုင်းရဲ့အသဲစွဲ မနဲ့မောင်ဇာတ်လမ်းလေး " Something in the rain " ပဲ ဖြစ်ပါတယ်။
Dramaလေးရဲ့ Main Castsတွေကတော့ မကြာမီထွက်ရှိတော့မယ့် လူအများမျှော်လင့်စောင့်စားနေကြတဲ့ "Snow Drop"ထဲက မင်းသားချောလေး "Jung Hae-in"နဲ့ မြောက်ကိုရီးယားဗိုလ်ကြီးကားဆိုပြီး ဟိုးလေးတကျော် နာမည်ကြီးအောင်မြင်သွားတဲ့ "Crush Landing On You"ထဲက မင်းသမီးချောလေး "Son Ye-jin"တို့ပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဥ်းလေးကတော့ မင်းသမီးဟာ မိမိထက် အသက် ၂၀ခန့်ငယ်တဲ့ သူငယ်ချင်းဖြစ်သူရဲ့ မောင် မင်းသားနဲ့ မိုးရေစက်တွေကြားမှာ အတူတူသွားရင်းလာရင်း ချစ်မေတ္တာများပေါက်ဖွားလာကြပြီး အပြန်အလှန် ချစ်မိသွားကြပါတယ်။ အသက်အရွယ်ကွာခြားလှတဲ့ သူတို့နှစ်ဦးရဲ့ချစ်ခြင်းကို မိသားစုဝင်တွေ၊ ပတ်ဝန်းကျင်က ဘယ်လိုတွေ သဘောမတူ ကဲ့ရဲ့ကြပြီး ထိုအခက်အခဲတွေကို သူတို့နှစ်ဦး ဘယ်လိုဖြတ်ကျော်သွားကြမလဲ ဆိုတာကို ရင်ခုန်လှိုက်မောစွာနဲ့ ကြည့်ရှုကြရမှာပါ။ ပြီးတော့ အများစုက ကိုယ့်ထက်ငယ်တဲ့သူဆို ကိုယ်ကပဲ အလိုလိုက်နေရပြီး သူ့ပဲ ချော့နေရမှာ၊ ငယ်တဲ့သူက အရမ်းကလေးဆန်တတ်တယ် ဆိုပြီး တွေးမိ ထင်မိကြမှာပါ။ ဒီdramaထဲမှာတော့ ချစ်သူနှစ်ဦးမှာ ငယ်သူမင်းသားလေးရဲ့ ငယ်ရွယ်ပေမယ့်လည်း အစစအရာရာ အလိုက်တသိ ဂရုစိုက်ပေး၊ ချစ်ပေးတတ်ပုံ၊ လူကြီးဆန်ဆန်တွေးခေါ်တတ်ပုံလေးတွေကို မြင်တွေ့ကြရမှာပါ။ Teamကိုကြီး တွေတောင် ဒီကားလေးကိုကြည့်ပြီး Teamမောင်လေး ဖြစ်သွားမှာပါနော်😝 ( အိုင်ကိုယ်တိုင်ရဲ့ အတွေ့အကြုံအရပါxD🌚 )
ဆိုတော့... မိုးစက်လေးတွေတဖြောက်ဖြောက်ကျသံလေးတွေနားထောင်ရင်း ချိုမြိန်ကြည်နူးစရာကောင်းပြီး ရိုတာလေးမှ ကြည့်ချင်တာဆိုရင်တော့ ဒီကားကို ခုပဲ ကြည့်ကြည့်လိုက်ပါတော့နော်🥳
Comments
Post a Comment