Skip to main content

Soul Movie Review

 



    ဒီနေ့ Review လုပ်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ 2020တုန်းက ထွက်ရှိထားတဲ့ “Soul” ဆိုတဲ့ Animated/Comedy ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ဒီကာတွန်းကားလေးဟာ IMDb rating 8.1/10, Rotten Tomatoes 95%, Metacritic 83% နဲ့ ပညာရှင် တွေ ပရိသတ်တွေဆီက Review ကောင်းများစွာ အားပေးမှုများစွာ ရရှိထားပါတယ် 

 ဒီဇာတ်လမ်းထဲမှာဆိုရင်ဖြင့် Jazz ဂီတကို အရမ်းရူးသွပ်ပီး ကိုယ်တိုင်လဲ Jazz ဂီတပညာရှင်တစ်ဦးဖြစ်တဲ့ Joe ဟာ အစမ်းခန့်အချိန်ပိုင်းဂီတဆရာအဖြစ် အသက်မွေး၀မ်းကျောင်းပြုနေတဲ့သူဖြစ်ပြီး  Jazz ဂီတဝိုင်းတစ်ခုမှာ ပါဝင်ခွင့်ရအောင်ကြိုးစားရင်း သူ့ရဲ့ပါရမီနဲ့ အရည်အချင်းကို ထုတ်‌‌ဖော်တင်ဆက်ဖို့ အမြဲ‌‌ကြိုးစား‌နေတဲ့ စိတ်အားထက်သန်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဒါပေမယ့် သူ့ရဲ့ အိမ်မက်‌‌တွေဆီ ရောက်လုနီး သိပ်မလိုတော့တဲ့အချိန်အတွင်းမှာပဲ မထင်မှတ်ထားတဲ့ သွေဖည်မှုတွေဖြစ်လာတဲ့အခါမှာတော့ Joe တစ်ယောက် ဒီအခက်အခဲတွေကို ဘယ်လိုရင်ဆိုင်မလဲ။ 

သူဖြစ်ချင်တဲ့ Jazz Band တစ်ခုရဲ့ Pianist တစ်‌ယောက် ဖြစ်လာနိုင်မလား?

လက်လွှတ်ဆုံးရှုံးမှုတွေကို ကြုံတွေ့လာရမလား? ဆိုတာကတော့ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမယ့် ကဏ္ဍပဲဖြစ်ပါတယ်။

ဒီကာလမှာ အထူးသဖြင့် လူငယ်တွေဟာ စိတ်ဖိစီးမှုတွေ မိမိကိုယ်ကို အားမလိုအားမရ ဖြစ်နေတာတွေ anxiety များပြီး ညဘက်လိုမျိုး အချိန်တွေမှာ မိမိအနာဂတ်အ‌ပေါ် insecure ဖြစ်ရတာတွေ စသဖြင့် mental health နဲ့ ပတ်သက်တဲ့ problem တွေများစွာ ကြုံတွေ့နေကြရတာမို့ ဒီဇာတ်ကားလေးကပေးတဲ့ “To cherish each and every moment we're living throughout the days” ဆိုတဲ့ သင်ခန်းစာလေးက comfort ဖြစ်စေမှာ သေချာပါတယ်။ မိမိရဲ့ ငယ်ဘဝအမှတ်တရလေးတွေကအစ စားသောက်ဆိုင် 

ကောင်းကောင်းလေးမှာ မြည်းစမ်းဖူးတဲ့ ပြီးပြည့်စုံတဲ့အချိုပွဲလေးရဲ့အရသာအဆုံး နေ့စဉ်ထိတွေ့နေကျ ကိစ္စသေး‌သေးလေးတွေကနေ စပြီး ဆက်လက်ရှင်သန်ရမယ့်အချိန် စက္ကန့်လေးတွေတိုင်းကို တန်ဖိုးထားရင်း ဘ၀ကို အနှစ်သာရ ရှိစွာ ရှင်သန်နေထိုင်သွားဖို့ သင်ခန်းစာလေးတွေကို ဒီဇာတ်ကား‌လေးကနေ အများကြီးရရှိနိုင်ပါတယ်။ Animation ကားလေးပင် ဖြစ်လင့်ကစား ကြည့်ရှုသူကို အတွေးအခေါ်ကောင်းလေးတွေ များစွာပေးနိုင်တဲ့ ဒီ “Soul” ဆိုတဲ့ကားလေးကို အခုပဲ ကြည့်ကြည့်လိုက်ပါနော်။


Comments

Post a Comment