Skip to main content

Tips for SoP (Statement of Purpose)


            အခုလို အပြိုင်အဆိုင်များလှတဲ့ ၂၁ ရာစုကြီးထဲမှာကျွန်တော်တို့လူငယ်တွေဟာ သင်ကြားသင်ယူလုပ်ငန်းတွေ ရပ်ဆိုင်းနေရင် နောက်မှာကျကျန်ခဲ့မှာ သေချာသလောက်ပါပဲ။ စဉ်ဆက်မပြတ် လေ့လာသင်ယူနေရမယ့်အစား မအလတစ်ကောင်မွှေလို့ တစ်နိုင်ငံလုံး စိတ်ရောကိုယ်ပါပင်ပန်းနေကြရပေမယ့် တဖက်တလမ်းကနေ အားတဲ့ချိန်လေးမှာ အကျိုးရှိအောင် knowledge sharing သဘောမျိုးလေးနဲ့ အခုဒီစာကိုရေးလိုက်တာပါ။

     ဆိုတော့ အခု content လေးမှာ ပြောပြသွားမှာကတော့ Academic life တစ်ခုကို အဆင့်မြှင့်တင် တည်ဆောက်ချင်တဲ့အခါမှာ မရှိမဖြစ်လိုအပ်လာမယ့် Statement of purpose ရေးတဲ့ နေရာမှာ အသုံးဝင်မယ့် tips လေးတွေပဲဖြစ်ပါတယ်။ တချို့နေရာတွေမှာတော့ personal statement လို့ရည်ညွှန်းကြပါတယ်။

     ကဲ ဒီတော့ Statement of purpose (SoP) ဆိုတာကဘာလဲ???

     SoP ဆိုတာကတော့ ကိုယ်လိုချင်တဲ့ academic / professional programs က ကိုယ်နဲ့ အသင့်တော်ဆုံးဖြစ်ကြောင်း၊ ကိုယ့်ရဲ့ passions တွေကဘာဖြစ်ကြောင်း၊ ကိုယ့်ကိုဘာကြောင့် ရွေးချယ်သင့်ကြောင်း စိစစ်မယ့် admission board က လက်ခံယုံကြည်လာအောင် ရေးပြရမယ့် essay type ပဲဖြစ်ပါတယ်။

     များသောအားဖြင့် စရေးကြတဲ့ intro မှာ ကိုယ့်အကြောင်း ကိုယ်မိတ်ဆက်ပေးရပါတယ်။ ကိုယ့်အကြောင်းကိုယ်ရေးတယ်ဆိုပေမယ့် ငယ်ငယ်က myself essay ရေးသလိုရေးတာမျိုးမဟုတ်ဘဲ စိတ်ဝင်စားဖွယ်ကောင်းအောင် ပုံပြင်လေးတစ်ပုဒ်၊ ဝတ္ထုလေးတစ်ပုဒ်ကို ဖတ်ရသလို ခံစားချက်မျိုးရအောင်ရေးပေးရမှာပါ။ 

Be Creative! Think outside the box!

** ဒီနေရာမှာ ကိုယ့်အကြောင်းကိုယ်ရေးတာဖြစ်ပေမယ့် အချက်အလက်တွေကို အမှန်အတိုင်း‌‌ပဲရေးရမှာပါ။ မဟုတ်တဲ့ ဘုန်းတော်ဘွဲ့တွေ ထည့်ရေးဖို့မလိုပါဘူး။

     ကိုယ့်ဘဝတစ်လျှောက်လုံးမှာ အောင်မြင်ခဲ့တာတွေချည်းပဲရှိတာမဟုတ်ပါဘူး။ ရှုံးနိမ့်တဲ့အချိန်တွေ၊ စိတ်ပျက်ရတဲ့အချိန်တွေ၊ ခက်ခဲခဲ့တဲ့အချိန်တွေလည်း အများကြီးရှိခဲ့မှာပါ။ ကိုယ့်အတိတ်က အမာရွတ်တွေရှိခဲ့ရင်လည်း အဲ့အရာတွေကို အကောင်းဆုံး အသုံးချပြီး ကိုယ့်ကိုကိုယ် ဘယ်လိုပြန်ပြင်ဆင်နိုင်ခဲ့ကြောင်း ထည့်ရေးရပါမယ်။

Be personal! Be proud of your scars!

     ပြီးတော့ ကိုယ့်ရဲ့ academic background ကို တိုတိုနဲ့လိုရင်းရောက်အောင်ရေးနိုင်ဖို့လည်း လိုအပ်ပါတယ်။ ဒီနေရာမှာ admission board ကလိုချင်တဲ့ guideline ကိုသေချာဖတ်ပြီးမှ Brainstorm လုပ်ပြီး ကန့်သတ်ထားတဲ့ word limit ( ရှိရင်ပေါ့ တချို့နေရာတွေမှာ limit မသတ်မှတ်ထားတာမျိုးလည်းရှိတတ်ပါတယ်) အတွင်း ဝင်အောင်ရေးနိုင်မယ်ဆိုရင် တာထွက်ကောင်းတဲ့ SoP တစ်ခု ဖြစ်လာမှာပါ။

     ကျစ်လျစ်သေသပ်တဲ့ SoP ကောင်းတစ်ခုရေးနိုင်ဖို့ဆိုရင် ကိုယ်လိုချင်တဲ့ program နဲ့ မသက်ဆိုင်တဲ့ အကြောင်းအရာတွေထည့်မရေးဖို့လိုပါတယ်။ ကိုယ်တက်ရောက်ခဲ့တဲ့ ကျောင်းအကြောင်းတွေ၊ career life တွေ၊ projects တွေ၊ volunteers work တွေကိုလည်း စိတ်ထင်သလို ရှိသမျှ အကုန်ထည့်ရေးဖို့မလိုအပ်ပါဘူး။ သက်ဆိုင်ရာ Guideline ကို သေချာဖတ်ပြီးမှ လိုအပ်တာကိုပဲထည့်ရေးပါ။ မသက်ဆိုင်တာတွေထည့်ရေးပြီး တအားဖောင်းပွနေရင် ဖတ်ရတဲ့လူတွေအတွက် impression down စေပါလိမ့်မယ်။

     အရေးကြီးဆုံးအချက်က ကိုယ်ရဲ့ passion ကိုပေါ်လွင်အောင်ဖော်ပြနိုင်ရပါမယ်။ ဒီအလုပ် ဒါမှမဟုတ် ဒီအတန်းက ကိုယ့်အတွက် ဘယ်လိုအရေးပါကြောင်း၊ ကိုယ်သာ ဒီနေရာမှာ အခွင့်အရေးရမယ်ဆိုရင် ဘယ်လိုကြိုးစားပြီး win-win situation ရအောင်လုပ်နိုင်မှာဖြစ်ကြောင်း ဖော်ပြနိုင်ဖို့လိုအပ်ပါတယ်။

     SoP တစ်ခုရေးတဲ့အခါမှာ ကိုယ့်ရဲ့အရာအားလုံးကို positive အမြင်နဲ့မြင်ပြီးရေးပေးရမယ်ဆိုတာကိုလည်း အထူးသတိထားရပါမယ်။ ( ကိုယ့်ကောင်လေး/ကောင်မလေးကို တစိမ့်စိမ်ကြည့်ပြီး ပိုချစ်လာသလိုပေါ့ xD , ဤကားစာကြွင်းတည်း🥲 )

     ပြီးတော့ ပုံမှန် academic essays တွေရေးသလိုပဲ ကိုယ့်အကြောင်းကိုယ် ဖော်ပြတဲ့နေရာမှာ ဥပမာလေးတွေသုံးပြီးဖော်ပြစေချင်ပါတယ်။ အပြောနဲ့တင် မဟုတ်ဘဲ အလုပ်နဲ့ပါ သက်သေပြတတ်ကြောင်း ဘာညာပေါ့‌...xD

     ကိုယ့်ဟာကိုယ် အိမ်မှာ ဖြစ်သလို ပရမ်းပတာနေတာက နေလို့ရပါတယ်။ 🥲🥲 ဒါပေမယ့် ကိုယ့်ရဲ့ SoP ( SoP မှမဟုတ်ပါဘူး ဘယ် essay ရေးရေး) ကတော့ well-organized ဖြစ်အောင် တစ်ခုနဲ့တစ်ခု linkage ကောင်းကောင်းနဲ့ စနစ်တကျ ချိတ်ဆက်ပြီး ကိုယ့်ရဲ့ focus ကိုပေါ်လွင်နေအောင်ရေးပေးရပါမယ်။

     နောက်ထပ် အရေးကြီးတာတစ်ခုက ကိုယ်ဘာကောင်လဲဆိုတာ မမေ့ဖို့ပါပဲ🤣🤣 ( အရေးကြီးတာတွေက အတော်တော့များနေပြီ🤣 ) တချို့တွေဖြစ်တတ်ပါတယ်။ SoP ရေးရင်း စိတ်ကူးတွေအယဉ်လွန်ပြီး ကိုယ့်ရဲ့ မူလဘူတ ကိုမေ့သွားပြီး အောက်ခြေလွတ်သွားမျိုး မဖြစ်ပါစေနဲ့။

     နောက်ဆုံးသတိပေးချင်တာက ကိုယ့် essay ကို well-organized ဖြစ်ပြီး စာလုံးရေ ကန့်သတ်ချက်အတွင်း ဝင်အောင်ရေးနိုင်ဖို့ မမေ့ပါနဲ့။ ကျစ်ကျစ်လျစ်လျစ်နဲ့ ကိုယ့်ရဲ့ passion ကို‌အပေါ်လွင်ဆုံးဖော်ပြနိုင်မှသာ SoP ကောင်းတစ်ခုဖြစ်လာမှာဖြစ်ပြီး ကိုယ့် essay ကိုစိစစ်ပေးမယ့် Board တွေကလည်း ကိုယ့်အပေါ်  first impression ကောင်းကောင်းမြင်ပေးနိုင်ကြမှာပါ။ ဒါမှသာ ကိုယ်လိုချင်တဲ့ program ကိုအမိအရဆုပ်ကိုင်နိုင်ကြမှာပဲ ဖြစ်ပါတယ်။

     မအလမြန်မြန်သေပြီး ကိုယ့်လူတို့လည်း စိတ်ရောကိုယ်ပါ ကျန်းမာကြပါစေဗျာ။

Comments

Post a Comment