ဒီနေ့မှာတော့ အားလုံးကို စိတ်ခွန်အားဖြစ်စေမယ့်သီချင်းလေး တစ်ပုဒ်နားထောင်ခိုင်းပါရစေ။ အခုလိုကာလမှာမှမဟုတ်ပါဘူး အမြဲတမ်း လူတိုင်းက အချိန်တိုင်းတော့ ပျော်မနေနိုင်ဘူးမလား လူ့ဘဝဆိုတာ အနိမ့်အမြင့် အတက်အကျရှိစမြဲပဲလေ ။ ဒီလို လောကဓံရဲ့အလှည့်အပြောင်းတွေနဲ့ကြုံရတဲ့အခါ စိတ်အားငယ်နေရတဲ့အခါ အကူညီမဲ့နေတဲ့အခါမျိုးမှာ ဒီသီချင်းလေးနားထောင်လိုက်ရင် ခဏဖြစ်ဖြစ်တော့ စိတ်ခွန်အားဖြစ်သွားစေမယ်လို့ မျှော်လင့်ပါတယ် ဒီသီချင်းလေးမှာဆိုရင် လောကကြီးမှာ နေထိုင်ရင် ဟန်ဆောင်မှုကင်းကင်းနဲ့ဘဝကိုရိုးရိုးသားသားရှင်သန်ဖို့။ လူတိုင်းက ကိုယ့်ရဲ့ရှုံးနိမ့်မှုတွေကို ထုတ်မပြောကြချင်ဘူးလေ အဲ့အခါတွေမှာ တစ်ယောက်ထဲ ဖုံးကွယ်ထားပြီးခံစားနေတာမျိုးမလုပ်ပဲ အရှိကိုအရှိတိုင်းထုတ်ဖော်ပြသပြီး အရိုးသားဆုံးနေထိုင်သွားကြဖို့အကြောင်း။ ကိုယ်က ဒီမှာ အောင်မြင်နေပေမယ့် တစ်ဖက်သားက အဲ့အချိန် ကျရှုံးမှုနဲ့ရင်ဆိုင်နေရမယ်ဆိုတာကို သတိလေးကပ်ပြီး သိစေချင်ပါတယ် ဒီလိုပဲ ကိုယ့်အလှည့်မှာလည်း ကိုယ်က ရှုံးနိမ့်ပေမယ့် တစ်ဖက်သားမှာတော့ ပျော်စရာလေးတစ်ခုဖြစ်ပေါ်လာတယ်ဆိုတာ သတိလေးရှိပေးဖို့ရယ်ပါ ဒီသီချင်းလေးရဲ့နာမည်လေးဖြစ်တဲ့ Suiheisen ဆိုတဲ့ရောင်နီလေးဟာ တစ်ဖက်မှာတော့ မြင်ရနိုင်ပေမယ့် တစ်ဖက်မှာတော့ မမြင်ရပဲ အမှောင်အတိဖုံးနေနိုင်ပါတယ် ဒီအခါ ကိုယ်ချင်းစာစိတ်အပြည့် နားလည်စိတ်တွေနဲ့ ကိုယ့်အဖြစ်ကို ဆိုးလှပြီလို့မမှတ်ပဲ ရှေ့ဆက်လှမ်းဖို့ခွန်အားတွေမွေးနိုင်ဖို့အတွက် သီချင်းလေးကို နားဆင်ကြည့်ကြပါဦးနော် အားလုံးပဲ ဒီဂျပန်သီချင်းလေးဖြစ်တဲ့ 水平線 [すいへいせん] Suiheisen သီချင်းလေးကိုနားထောင်ရင်းတဒင်္ဂ စိတ်အပန်းပြေကာ စိတ်ခွန်အားဖြစ်ကြမယ်လို့ မျှော်လင့်ပါတယ်
Comments
Post a Comment