Skip to main content

Telegram မှာ ကိုယ်ပိုင် Theme ဖန်တီးကြမယ်

 

Telegram မှာ ကိုယ့်စိတ်ကြိုက် Theme ပြောင်းနည်း 

ကျွန်တော်တို့ နွေဦးတော်လှန်ရေးကာလမှာ Privacy နဲ့ Security အရ Facebookထက် ပိုမိုလုံခြုံစိတ်ချရတဲ့ Telegram ကို ပြောင်းလဲအသုံးပြုလာကြပါတယ်။ အသုံးပြုလာတာ လတွေကြာနေပြီဆိုပေမယ့် Telegram ရဲ့ Customized လုပ်လို့ရတဲ့ Theme တွေအကြောင်းကိုတော့ သိပ်မသိကြ‌သေးဘဲ သာမန်ရိုးရိုး Theme နဲ့ Night mode လောက်ကိုပဲ လူသိများကြပါတယ်။ 

ဒီနေ့မှာတော့ Telegram မှာ ဘယ်လို Theme လှလှလေးတွေ ဖန်တီးပြီး အသုံးပြုလို့ရလဲဆိုတာ စူးစမ်းကြည့်လိုက်ရအောင်။

1.ပထမဆုံး Setting ထဲကိုဝင်ပါ။

2.ထို့နောက် Chat Setting ထဲကို ဝင်ပါ။

Chat setting ထဲကို ရောက်ပြီဆိုရင်တော့ ကိုယ့်စိတ်ကြိုက် Theme လေး စတင်ပြင်ဆင်လို့ ရပါပြီ။

Message Text Size


Message Text Size ကို အတိုးအလျှော့လုပ်ပြီး စာလုံးအကြီးအသေးကို စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ ကိုယ်က မျက်စိမှုန်တဲ့သူ၊ အသက်ကြီးလာလို့ စာလုံးကြီးကြီးလေးတွေမှ ဖတ်လို့ ပိုအဆင်ပြေတဲ့သူဆိုရင်တော့ Text size ကို ခပ်များများလေးထား လိုက်ပါ။

Change Chat Background


ဒါလေးကိုနှိပ်လိုက်ရင် app ထဲမှာပါပြီးသား background လှလှလေးတွေကို ရွေးချယ်အသုံးပြုနိုင်ယုံသာမက Gallery ထဲက နှစ်သက်ရာပုံကိုပါ Background အနေနဲ့ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် Set a colour ဆိုတာကို နှိပ်ပြီး ကာလာပြောင်လေးတွေကို ရွေးလို့ရပါသေးတယ်။

Colour Theme


Colour Theme ကိုတော့ Classic, Day, Dark, Night, Arctic ဆိုပြီး နှစ်သက်ရာ Themeကိုရွေးလို့ရပါတယ်။ ဒါ့အပြင်အောက်က အဝိုင်းလေးတွေကို နှိပ်ပြီး နှစ်သက်ရာ Colour ကို ရွေးနိုင်ပါသေးတယ်။ အဲ့တာမှ နှစ်သက်ရာအရောင်မတွေ့သေးဘူးဆိုရင်တော့ အဝိုင်းလေးထဲက အစက်သုံးစက်ကိုနှိပ်ပြီး Colour Pad ကြီးထဲက ကြိုက်ရာအရောင်ကို စိတ်ကြိုက်ရွေးလို့ရပါ‌သေးတယ်။ လူ့အလိုကို နတ်မလိုက်နိုင်ပေမယ့် တယ်လီဂရမ်ကတော့ လိုက်နိုင်မယ့်ပုံပါပဲ။

Message Corner



အပေါ်ကလိုပဲ Message ပို့လိုက်ရင် Message ရဲ့ ဘောင်လေး‌ကို အဝိုင်းကြိုက်သလား၊ လေးထောင့်ကြိုက်သလား ရွေးရတာပါ။ အရမ်းတော့ အရေးမကြီးပေမယ့် ထည့်ပေးထားတော့လည်း ရွေးလို့ရတာပေါ့လေ။

Chat List View



Two Line ကို ရွေးထားရင် Chat ထဲမဝင်ခင် မြင်ရမယ့်ပုံစံက Channel name or လူနာမည် တစ်ကြောင်း + စာတစ်ကြောင်း မြင်ရမှာပါ။

There Line ကို ရွေးထားရင် Chat ထဲမဝင်ခင်မြင်ရမယ့်ပုံစံက Channel name or လူနာမည်တစ်ကြောင်း + စာနှစ်ကြောင်း မြင်ရမှာပါ။ 

အရေးသိပ်မကြီးဘူးလို့မြင်ပါတယ်။ အထဲရောက်ရင် အကုန်မြင်ရမှာပဲဆိုတော့လေ။

Chat list swipe gesture


ဒီမှာတော့ Chat List Conversation ကိုထိပြီး ဘယ်ဘက်ကိုဆွဲလိုက်တာနဲ့  Delete, Mute, Archive, Pin, Read ကိုယ်ကြိုက်ရာ shortcutလေးထားလို့ရပါတယ်။
ဒီတစ်ခုကတော့ တော်တော်အသုံးဝင်ပါတယ်။ ကျွန်တော်ဆိုရင် Conversation တွေရှု ပ်နေတာမျိုးမကြိုက်ဘူး။ ဆိုတော့ သိပ်အရေးမကြီးတာမျိုးဆိုရင် Archive ထဲမှာထားလေ့ရှိတယ်။ Chat listကို တစ်ချက်ဆွဲလိုက်တာနဲ့ အဲဒီ့ Conversation က Archive ထဲရောက်သွားတော့တော်တော်လေးအချိန်ကုန်သက်သာသွားပါတယ်။ 

ကဲ ဒီလောက်ဆိုရင်တော့ ကိုယ်နဲ့‌သင့်တော်မယ့် Customized theme လေးကို ဖန်တီးတတ်ပြီလို့ ထင်ပါတယ်။ အခုပဲ Chat Setting ထဲကို ဝင်ပြီး စမ်းကြည့်လိုက်တော့နော်။

Comments

Post a Comment