-“Wit beyond measure is man's greatest treasure”
-Rowena Ravenclaw
သင်ဟာ Wizarding World အကြောင်းကို လေ့လာနေသူတစ်ဦး သို့မဟုတ် Potterhead တစ်ဦးဖြစ်မယ်ဆိုရင် ဒီစာစုလေးနဲ့ စိမ်းမယ်လို့မထင်ပါဘူးဗျ။ ဒီစာစုလေးဟာ Hogwarts ကျောင်းတော်ရဲ့ Founderတစ်ဦးဖြစ်တဲ့ Rowena Ravenclawကိုယ်တိုင် Ravenclaw’s Diadem မှာ ထွင်းထုခဲ့တဲ့စာစုလေးဖြစ်ပါတယ်။ ကျွန်တော်ဒီနေ့မျှဝေပေးသွားမှာကတော့ Rowena Ravenclawနဲ့ သူ့ရဲ့Diademအကြောင်း ပဲဖြစ်ပါတယ်။ ဒီသရဖူကို ပျောက်ဆုံးနေတဲ့သရဖူလို့လည်း ခေါ်ကြတယ်ခင်ဗျ၊ ဒီအကြောင်းကိုသိရဖို့ အောက်က စာလေးတွေကို ဆက်ဖတ်ပေးပါအုန်းဗျ။
Rowena Ravenclaw လို့ခေါ်တဲ့ စကော့တလန်သူ မှော်သွေးစစ် မှော်ဆရာမကြီးဟာ
ထိုခေတ်မှာ ဉာဏ်အမြော်အမြင်နဲ့ ဖန်တီးမှုစွမ်းအား အမြင့်မားဆုံး မှော်ဆရာမတစ်ယောက်ဖြစ်ပါတယ်။ ခရစ်နှစ် 976ခုနစ်မတိုင်ခင်မှာမွေးဖွားခဲ့တဲ့ Rowena ဟာ Hogwarts မှော်ကျောင်းတော်ကြီးရဲ့ Founderတစ်ဦးဖြစ်ပြီး ကျောင်းရဲ့ Designတွေ အဆောင်တွေနဲ့ အခန်းတွေကို စီမံခန့်ခွဲပေးခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင်သူမဟာ ရွေ့လျားလှေကားများအပြင် တခြားထူးဆန်းတဲ့Designလက်ရာတွေကိုလည်း ကျောင်းကြီးမှာထည့်ပေးထားပါတယ်။
အသားဖြူဖြူ၊ နဲ့ ဆံပင်အညိုရောင်တွေရှိတဲ့သူမဟာ သူမရဲ့ဗဟုသုတတွေ အသိပညာတွေနဲ့ ဖန်တီးမှုတွေကို သူမကိုယ်တိုင်လုပ်ထားတဲ့ Diademထဲမှာ ထည့်ထားခဲ့ပါတယ်။ ဒါကြောင့်မို့ ဒီသရဖူကို ဝတ်ဆင်တဲ့သူဟာ Rowena Ravenclawရဲ့ အသိပညာတွေရရှိမှာဖြစ်ပြီး မှော်လောကမှာ ဉာဏ်ပညာအထက်မြတ်ဆုံးလူတစ်ယောက်ဖြစ်လာနိုင်မှာပါ။ Diademမှာ ဘဲဥပုံ နီလာကျောက်ကြီးတစ်လုံးပါဝင်ပြီး ဒီပစ္စည်းဟာ Ravenclawဆောင်ရဲ့ အဖိုးအတန်ဆုံးပစ္စည်းပါ။
Rowenaမှာ Helena လို့ခေါ်တဲ့ သမီးတစ်ယောက်ရှိပါတယ်။ မိခင်ရဲ့သရဖူအကြောင်းကို အစုံအလင်သိထားတဲ့ Helenaဟာ သူမသာ ဉာဏ်ပညာအကြီးဆုံးသူဖြစ်ချင်ခဲ့တာကြောင့် Diademကို Rowenaမသိအောင် တိတ်တဆိတ်ခိုးယူပြီး ဥရောပတိုက်အရှေ့တောင်ပိုင်းမှာရှိတဲ့ Albania တောအုပ်ဆီကို ပြေးသွားခဲ့ပါတယ်။ ပြီးတော့ သရဖူကို တောထဲကသစ်ပင်တစ်ပင်ရဲ့ သစ်ခေါင်းထဲမှာထည့်ဖွက်ထားခဲ့ပါတယ်။ Rowenaဟာ သူမရဲ့သရဖူကို သမီးကိုယ်တိုင်က ခိုးယူသွားမှန်းသိတဲ့အခါ လုံးဝတုန်လှုပ်သွားပါတယ်။ ဒါပေမယ့် ဒီအကြောင်းကို ကျန်တဲ့သူတွေကိုအသိမခံဘဲ Diademကို လုံခြုံတဲ့နေရာမှာ သိမ်းထားတယ်လို့သာ တခြားFounderတွေကိုဆိုခဲ့ပါတယ်။
သမီးပျောက်သွားတဲ့စိတ်နဲ့ သောကရောက်နေရတဲ့ Rowenaဟာ စိတ်ထိခိုက်ပြီး အိပ်ရာပေါ်လဲပါတော့တယ်။ သူမရဲ့အခြေအနေပိုပိုဆိုးလာတာနဲ့အမျှ သရဖူခိုးသွားတဲ့သမီးကိုခွင့်လွှတ်လိုက်ပြီး နောက်ဆုံးအကြိမ်တွေ့ဆုံရဖို့အတွက် သမီးကိုပြန်ရှာပေးဖို့Helenaကို တစ်ဖက်သတ်ချစ်နေတဲ့ Slytherin Houseမှ Bloody Baronကို Rowenaက အကူအညီတောင်းခဲ့ပါတယ်။ Bloody Baronကလည်း Rowanaရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးဖို့ သဘောတူခဲ့ပါတယ်။
Albaniaကို Bloody Baronရောက်သွားတဲ့အခါ ပြန်လိုက်ခဲ့ဖို့ ခေါ်ခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့အမှားကို မိခင်ဖြစ်သူခွင့်လွှတ်နိုင်မယ်လို့ မထင်တဲ့ Helenaဟာ လုံးဝပြန်မလိုက်ခဲ့ပါဘူး။ သေဆုံးကာနီးမိခင်ကိုတောင် လုံးဝမသနားတဲ့ Helenaရဲ့စိတ်ဓာတ်ကို မုန်းတီးသွားတဲ့ Baronဟာ Albaniaတောအုပ်ထဲမှာပဲ Helenaကို သတ်ပစ်ခဲ့ပါတယ်။ ချစ်သူကို သတ်မိတဲ့ သူ့ကိုယ်သူလည်း ပြန်အဆုံးစီရင်ပစ်လိုက်ပါတယ်။ နောက်ပိုင်းမှာ သူတို့ဟာ Hogwarts ကျောင်းကို ပြန်ပြီး Ravenclaw House Ghostနဲ့ Slytherin House Ghostတို့ ဖြစ်လာခဲ့ကြပါတယ်။
Rowana ဆုံးပြီးနောက် နှစ်များစွာအကြာမှာ Grey Lady (Helena)ဟာ သရဖူဖွက်ထားတဲ့နေရာကို Tom Riddleကိုပြောပြခဲ့မိပါတယ်။ ဒါကြောင့်ပဲ Tom Riddleဟာ သူကျောင်းပြီးတဲ့အချိန်မှာ သရဖူကိုသွားရှာယူပြီး အမြင့်မားဆုံးDark Magicကိုအသုံးပြုကာ Horcrux အဖြစ် ပြောင်းလဲပစ်ခဲ့ပါတယ်။ ပြီးတော့ Hogwartsမှာရှိတဲ့ Room of Requirements မှာသိမ်းထားခဲ့တယ်။ နောက်ပိုင်းမှာတော့ Diademဟာ Crabbeဖန်တီးခဲ့တဲ့ Fiendfyre ကြောင့် အစိတ်စိတ်အမွှာမွှာလောင်ကျွမ်းပျက်စီးခဲ့ရပါတော့တယ်။
(P.S. Ravenclaw ဆောင်ရဲ့ Quiz လေးတစ်ခုကို မေးခွင့်ပြုပါဗျ❤️ အဖြေမှန်ကိုတော့ နောက်တစ်ခေါက် Wizarding Worldအကြောင်းတင်တဲ့အခါမှာ ဖော်ပြပေးပါ့မယ်ခင်ဗျ❤️)
Q.1: ဘယ်သူမှ “Yes“လို့ဖြေလို့မရနိုင်တဲ့ မေးခွန်းတစ်ခုရှိပါတယ်။ ထိုမေးခွန်းကို ဖော်ပြပါ။
***အရေးတော်ပုံ အောင်နေပြီ***
Done
ReplyDelete