Skip to main content

'The last letter from your lover' review

           

     ဒီတစ်ခေါက်ရဲ့ Movie nameလေးကတော့"The last letter from your lover"ပါ။1960ဝန်းကျင်ကအချစ်ဇာတ်လမ်းလေးကိုနောက်ခံထားပြီး အခုခေတ်မှာအဲ့ဇာတ်လမ်းလေးအကြောင်း ပြန်ပြီးရှာဖွေတဲ့ပုံစံလေးပဲဖြစ်ပါတယ်။ retroဆန်ဆန်နဲ့ Romanceအမျိုးအစားဖြစ်ပြီးတော့ ratingကတော့6.7ရထားပါတယ်။အဓိကဇာတ်ကောင်တွေကတော့ O'hareနဲ့Stirlingတို့ပဲဖြစ်ပါတယ်။ ဒီကားမှာLawranceနဲ့Stirlingတို့က မိဘနှစ်ပါးကသဘောတူပြီး လက်ထပ်ထားကြတဲ့သူတွေပါ။တစ်နေ့မှာတော့ Lawranceက သူ့ဇနီးStirlingကို သူ့မိတ်ဆွေO'hareနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ O'hareက journalistတစ်ယောက်ပါ။ သူကိုယ်တိုင်ကလည်း အိမ်ထောင်ကွဲဖြစ်ပြီးတော့သားတစ်ယောက်လည်းရှိပါတယ်။Lawranceကိုယ်တိုင်ကတော့ အလုပ်ကိုပဲဂရုစိုက်တဲ့လူအမျိုးအစားလို့ဖြစ်ပြီး အစကတည်းက သူတို့ကချစ်ခဲ့ကြတာမဟုတ်တော့ သူတို့ရဲ့အိမ်ထောင်ရေးက သာမာန်ပါပဲ။ သာယာတာလည်းမဟုတ် မသာယာတာလည်းမဟုတ်ပေါ့။ အဲ့လိုမိတ်ဆက်ပေးရာကနေစပြီး နောက်ပိုင်းမှာ O'hareနဲ့Stirlingတို့တစ်ယောက်ကိုတစ်ယောက်သိကျွမ်းပြီး ချစ်ခင်စုံမက်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်စာရေးတဲ့အခါမှာလည်း nicknameလေးတွေ သုံးတတ်ကြပါသေးတယ်။ Boot for O'hare& J for Stirlingပေါ့။Jအနေနဲ့ကတော့ Lawranceအပေါ်သစ္စာမဲ့တဲ့မိန်းမတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့တစ်နေ့မှာBootက မြို့တစ်မြို့ကိုပြောင်းပြီးအလုပ်လုပ်ဖို့ ပြီးတော့Jကိုသူနဲ့အတူလိုက်ခဲ့ဖို့ အဲ့မြို့မှာအခြေချပြီးနေကြဖို့ပြောပါတယ်။ Jကတော့ Bootစီးတဲ့ရထား ထွက်တော့မယ့်အချိန်ကပ်နေတဲ့အထိ လိုက်ရမယ်၊မလိုက်ရမယ်ဆိုတာတွေဝေနေဆဲပါ။ အဲ့လိုနဲ့သူလိုက်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့အချိန်မှာ အတော်လေးကိုနောက်ကျနေပါပြီ။ Jက Bootရဲ့အသိတစ်ယောက်ကိုအကူအညီတောင်းပြီးကားနဲ့ ဘူတာရုံကိုသွားခဲ့ကြပါတယ်။ ဒါပေမယ့် လမ်းမှာမိုးတွေကလည်းသည်း ရထားမီဖို့အမြန်လည်းမောင်းရာကနေ Jတို့car accidentဖြစ်ခဲ့ကြပါတယ်။ ဒီလိုနဲ့သူတို့ချစ်သူနှစ်ဦးဝေးခဲ့ကြရပါတယ်🥺.....

     အဲ့ဒီလိုနဲ့ သူတို့ချစ်သူနှစ်ဦးပြန်မဆုံကြတော့ဘူးလား?????

     ပြန်ဆုံကြဦးမှာလား?????ဆိုတာကိုသိချင်ရင်တော့ မိတ်ဆွေတို့ကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်ကြပါလို့....

Comments

Post a Comment