မန်ချက်စတာယူနိုက်တက်အသင်းကတော့ ကြားရက် ဝက်ဟမ်းကို ရှုံးနိမ့်ပြီး ဖလားတစ်လုံး စောစောစီးစီးလက်လွှတ်လိုက်ရပါပြီ။ အဓိကကစားသမားအများစုကို အနားပေးခဲ့တယ်ဆိုပေမယ့် ပွဲထွက်ကစားခဲ့တဲ့ လူစာရင်းကလည်း အတော်အသင့်တောင့်တင်းပေမယ့် စိတ်မကောင်းစွာနဲ့ နိုင်ပွဲကို လက်လွှတ်ခဲ့ရပါတယ်။
ဒီပိတ်ရက်မှာတော့ Aston Villa အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဥ် ကစားရပါမယ်။ ချန်ပီယံဖြစ်ချင်တယ်ဆိုရင်တော့ ချန်ပီယံအရည်အချင်းရှိဖို့ လိုတာမို့ အကောင်းဆုံးလူစာရင်းနဲ့ပဲ ပွဲထွက်လာမယ်ထင်ပါတယ်။ နောက်ကြားရက်မှာ ယူရိုပါလိဂ် Final ရှုံးကြွေးအပြင် နောက်တစ်ဆင့်အတွက် အလားအလာကောင်းဖို့ ချန်ပီယံလိဂ်မှာ ဗီလာရီးရဲကိုလည်း ရှုံးလို့မဖြစ်ပါဘူး။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်ရဲ့ လူစာရင်းကလည်း စစ်မျက်နှာနှစ်ဖက် ကောင်းကောင်းဖွင့်လို့ရတဲ့ လူစားရင်းကို ပိုင်ဆိုင်ထားတာမို့ ဒီတစ်ပတ် ဗီလာနဲ့ ပွဲကိုလည်း သုံးမှတ်ယူဖို့ကြိုးစားမှာပါ။
ပွဲထွက်လူစားရင်းကတော့ နားလည်မှုအလျင်အမြန်တည်ဆောက်နိုင်ဖို့အတွက် မက်ကွဲယား၊ဗာရန်း၊ ရှော ၊ ဘက်ဆာကာတို့ပဲ ပွဲထွက်လာဖို့ရှိတယ်။ ဂိုးထဲမှာတော့ ဟန်ဒါဆန် ပွဲထွက်ဖို့အသင့် ဖြစ်နေပြီဆိုပေမယ့် ဒီဂီယာကိုပဲ ဆက်လက်မြင်တွေ့ရမယ်လို့ ထင်ပါတယ်။
ကွင်းလယ်မှာတော့ Mac-Fred အတွဲကိုပဲ ပွဲဆက်ထုတ်မလား အဲ့နှစ်ယောက်ထဲက တစ်ယောက်ပဲ ပွဲထွက်ခွင့်ရမလားဆိုတာကတော့ Pogba ကို အသုံးချမှုအပေါ် မူတည်နေမယ်လို့ ထင်တယ်။ Pogba-Bruno အတွဲကတော့ ကြု့ခိုင်မှုပြည့်ဝနေရင် ပစ်ရက်စရာမရှိတာမို့ သူတို့နှစ်ဦးကိုတော့ မြင်ရမှာပါ။ ချန်ပီယံလိဂ်ပွဲအတွက် Mac-Fred အတွဲကို အနားပေးပြီး Matic-Pogba double pivot ကိုများ မြင်ရမလား စဥ်းစားစရာပါပဲ။ကြားရက်မှာ ပြခဲ့တဲ့ Donny ရဲ့ ခြေစွမ်းကလည်း ပစ်ရက်စရာမရှိတာမို့ ကွင်းလယ်ပိုင်းကတော့ စိတ်ဝင်စားစရာကောင်းနေတယ်လို့ ပြောရပါမယ်။
တိုက်စစ်ပိုင်းကြည့်ရင်တော့ ရော်နယ်ဒိုပဲ ဦးဆောင်လာဖွယ်ရှိတယ်။ ကျွန်တော်တစ်ဦးတစ်ယောက်တည်းအမြင်အရတော့ Greenwood နဲ့ Sancho အတွဲကိုသာ တောင်ပံနှစ်ဖက်မှာ မြင်တွေ့လိုတယ်။ ရာသီအစ ခြေစွမ်းပြနေတဲ့ Greenwood ကော ရော်နယ်ဒိုပါ ပွဲထွက်ခွင့်သေချာသလောက် ဖြစ်နေပေမယ့် Sancho ဟာလည်း ပွဲထွက်ခွင့်ထိုက်တန်တယ်လို့ မြင်တယ်။ လိဂ်အသစ် အသင်းအဖော်အသစ် ကစားပုံအသစ်နဲ့ အသားကျဖို့အတွက် ကစားချိန်များများလိုအပ်မယ်လို့ ထင်တယ်။ Sancho နဲ့ Greenwood နှစ်ယောက်ထဲက တစ်ယောက်သာ ပွဲထွက်ခွင့်ရတာလည်း Pogba ကို အသုံးချမယ့် နည်းပြရဲ့ နည်းစနစ်ပေါ်မူတည်နေမယ်လို့ ထင်တယ်။
မန်ချက်စတာယူနိုက်တက်ရဲ့ ပွဲထွက်လူစာရင်းကို ခန့်မှန်းဖော်ပြခဲ့ပေမယ့် Villa အသင်းရဲ့ ကစားသမားစာရင်းကိုတော့ သေချာမခန့်မှန်းတော့ဘူး။ နှစ်သင်းရဲ့ ဒီရာသီအသင်းလိုက်စွမ်းဆောင်ရည်ပိုင်းကိုသာ ကျွန်တော့နဲ့အတူ နှိုင်းယှဥ်ကြည့်ရအောင်ဗျာ။
အဆင့်ရပ်တည်မှုအရတော့ မန်ချက်စတာယူနိုက်တက်အသင်းက ရှုံးပွဲမရှိ အဆင့် 3 မှာ ရပ်တည်နေပြီး ဗီလာကတော့ ရှုံးပွဲနှစ်ပွဲနဲ့ အဆင့် 10 မှာပါ။ မန်ယူနိုက်တက်ကတော့ 4 ပွဲနိုင် တစ်ပွဲသာ သရေကျထားပြီး တစ်ပွဲပျမ်းမျှသွင်းဂိုး 2.65 လောက်ထိ သွင်းယူထားတာမို့ အားရစရာကောင်းတယ်။ နားလည်မှုလိုနေသေးတဲ့ နောက်တန်းမို့ 5 ပွဲမှာ 4 ပွဲအထိ သွင်းဂိုးတွေ ခွင့်ပြုခဲ့ရတယ်။ ဒါပေမယ့် တစ်ပွဲပျမ်းမျှ 0.8 ဂိုးသာခွင့်ပြုထားရလို့ အရမ်းကြီးစိုးရိမ်စရာလို့တော့ မမြင်မိဘူး။
Villa အသင်းကတော့ 5 ပွဲမှာ 2 ပွဲနိုင် 1 ပွဲသရေ 2 ပွဲရှုံးထားတယ်။ တိုက်ဆိုင်စွာနဲ့ပဲ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဥ်တွေက အဝေးကွင်းပွဲစဥ်တွေ ဖြစ်နေတာပါ။ ဒီတစ်ခါ အလည်သွားရမှာကလည်း Old trafford ဆိုတော့ မျက်ခုံးလှုပ်ချင်စရာပါပဲ။ အသင်းလိုက်စွမ်းဆောင်ရည်ကို တစ်ချက်ကြည့်လိုက်ရအောင်။ တစ်ပွဲပျမ်းမျှ 1.6 ဂိုးရယူထားပြီး ခံစစ်က 1.4 ဂိုးနှုန်း ခွင့်ပြုထားရပါတယ်။ အိပ်ပေါက်နဲ့ ဖားကောက်တယ်လို့ ပြောရအောင်ကလည်း clean sheet နှစ်ပွဲရရှိထားတာမို့ ဝေဖန်ဖို့လည်း မသင့်ပါဘူး။ ဒါပေမယ့် 3 ဂိုးအထိ ခွင့်ပြုရတဲ့ ပွဲကလည်း နှစ်ပွဲရှိတာမို့ စောင့်ကြည့်ချင်စရာပါ။
နှစ်သင်းပေါင်း အချက်အလက်တွေ ကြည့်ရာမှာ မန်ချက်စတာယူနိုက်တက်က အသင်းကြီးပီပီ သာသရောင်ထင်ရပေမယ့် ဒါဟာ ဘောလုံးမလား။ မိနစ်ကိုးဆယ်အတွင်း ဘာမဆို ဖြစ်သွားနိင်တာမို့ villa အတွက်လည်း အခွင့်အရေးတွေ ရှိပါသေးတယ်။ Old trafford မှာ ကစားရမှာမို့ အခွင့်အရေးကတော့ နည်းနေမှာသေချာပါတယ်။
ကျွန်တော့အမြင်အရတော့ နှစ်ဖက်အပြန်အလှန်သွင်းဂိုးအချို့နဲ့ မန်ချက်စတာယူနိုက်တက်ကပဲ အနိုင်သုံးမှတ်ယူပြီး ချန်ပီယံပြေးလမ်းပေါ် အရှိန်ကောင်းကောင်းခုတ်မောင်းနေအုံးမယ်ထင်ပါတယ်။
Click ပေးကြတဲ့သူတွေအားလုံးကို ချစ်တယ်နော်။
အူး.......မွ
"ဘဲမရှိ ဘဲရကြပါစေ
စော်မရှိ စော်ရကြပါစေ"
Solo shine ချင်တယ်ဆိုရင်လည်း စကြာဝဠာတစ်ခုလုံး shine နိုင်ကြပါစေဗျာ။
Take care all
Comments
Post a Comment