Skip to main content

'Vincenzo' review

 


     ဒီတခါ review ပေးချင်တဲ့ movie လေးကတော့ 'Vincenzo' ဆိုတဲ့ k drama လေးပါ ခု 2021 မှာထွက်ရှိထားပြီး စကြည့်မိတုန်းက မင်းသားကိုသဘောကျလို့ကြည့်တာရယ် တကယ်ကြည့်မိမှ ဇာတ်လမ်းဇာတ်အိမ်ကမိုက်လွန်းလို့ တစက္ကန့်မှမလွတ်စတမ်းကြည့်တာ 🥺 အဓကဇာတ်ဆောင်တွေက အီတလီကမာဖီးယားအကြံပေးရှေ့နေ Vincenzo cassano နဲ့ ဝူဆန်းရှေ့နေရုံးကရှေ့နေမလေး ဟုန်းချာယောင်းပေါ့နော်  ဇာတ်လမ်းအကျဥ်းလေးက ငယ်ငယ်ကထဲက ချစ်ရတဲ့အမေနဲ့ခွဲခွာခဲ့ရပြီး အီတလီမှာကြီးပြင်းလာခဲ့တဲ့ Vincenzo ဟာ မာဖီးယားအကြံပေးအဖြစ်နေထိုင်ရင်း korea ကိုပြန်ဖို့အကြောင်းပေါ်ပေါက်လာခဲ့ပါတယ် အဲ့ဒီအချိန်မှာ korea မှာတော့ တရားမဝင်ဆေးဝါးထုတ်လုပ်မှုတွေနဲ့အကြီးအကျယ် အောင်မြင်နေတဲ့ဘာဘယ်လုပ်ငန်းစုနဲ့ ဘာဘယ်ရဲ့အမဲစက်မှန်သမျှကို ဖြေရှင်းပေးရတဲ့ဝူဆန်ရုံးတို့က တရားဥပဒေကိုချုပ်ကိုင်ထားချိန်ပေါ့ ရှေ့နေဟုန်းချာယောင်းကအစပိုင်းမှာငွေနောက်လိုက်တဲ့ရှေ့နေတယောက်ဖြစ်ပေမယ့်  ဖခင်ဖြစ်သူကသမီးနဲ့ကွဲပြားစွာ တရားမျှတမှူအတွက်ဘာမဆိုလုပ်တဲ့ရှေ့နေကောင်းတဦးပေါ့ကွာ အဲ့ဒီမှာ ဖခင်နဲ့သမီးထိတိုက်တွေ့ကြတဲ့အခါ ဘာဘယ် group ဟာနောက်ကွယ်ကနေ ဟုန်းချာယောင်းရဲ့အဖေဖြစ်သူကိုသတ်လိုက်ပါတယ် ဖခင်ကိုဆုံးရှုံးလိုက်ရတဲ့ ဟုန်းချာယောင်းတယောက်အဖြစ်မှန်ကိုသိသွားတဲ့အခါ ဘာဘယ်ကိုလက်စားချေမှာလား ငွေနောက်ဆက်လိုက်ပြီး ဘာဘယ်အတွက် အလုပ်လုပ်ပေးအုံးမှာလားဆိုတာကိုတော့စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာပါ 😑😑 အဓိက Vincenzo(my boy နော် 🧐🧐) အကြောင်းကခုမှလာမှာပါ သူပိုင်ဆိုင်တဲ့ဂွမ်းဂါပလာဇာနေရာကို ဘာဘယ်ကမတရားလုယူပြီးတဲ့နောက်မှာ သွေးအေးအေးနဲ့ဘာဘယ် group ကိုဘယ်လိုဖျက်ဆီးမလဲဆိုတာ တွေ့ရမှာဖြစ်ပါတယ် မင်းသမီးအကြောင်းက နားလည်အောင်ရှင်းပြရတာမို့ရှည်သွားပေမယ့် မင်းသားက mainပါနော် တကယ့်ကိုမာဖီးယားပီသစွာ စိတ်ခေါ်မှုတွေ အခက်အခဲတွေကြားထဲကနေ သွေးအေးအေးနဲ့ရုန်းထွက်နိုင်ပြီး ရန်သူထက်ခြေတလှမ်းသာနေတတ်တာတွေ ပြီးတော့ ရန်သူနဲ့ထိတ်တိုက်တွေတဲ့အခန်းတွေဆိုလေ မိုက်လွန်းလို့ အမလေးအသက်ရှူပါရပ်တယ်ထင်တယ် 😥😑 Vincenzo အနေနဲ့ character ပိုင်းရော acting ပိုင်းရော အပြစ်ပြောစရာတကွက်မှမရှိတာ ( ကိုယ်ကတေယ်တော်ကြိုက်တာလည်းပါပါလိမ့်မယ် 🤧🤧) သူလူသတ်တာမြင်နေရတာ​တောင်မှ ကိုယ့်မှာပြုံးပြုံးကြီးကျေနပ်နေရတဲ့အထိ 🥴 ကိုယ်တိုင်ပြန်ကြည့်နေတာတော့အခါ ၂၀လောက်ရှိပါပြီ 👀 romantic ပိုင်းသိပ်မသွားဘဲ action ဘက်ပိုသွားတာမို့ boy တွေအတွက်လည်းတော်တော်လေး ကြည့်ရတာအဆင်ပြေမယ့် drama တခုမို့ ကြည့်ဖြစ်အောင်ကြည့်နော် 😘😘

Comments