မန်ချက်စတာယူနိုက်တက်အတွက် ရော်နယ်ဒို ယူဆောင်လာမယ့် နောက်ထပ်အိမ်ပြန်လက်ဆောင်
ဘောလုံးလောကရဲ့ အံ့အားသင့်ဖွယ်အကောင်းဆုံး နွေရာသီအပြောင်းအရွှေ့အဖြစ် ပြီးခဲ့တဲ့နွေရာသီဟာ မှတ်တမ်းဝင်ခဲ့ပြီ။ Elclassicoက အသင်းခေါင်ဆောင်နှစ်ယောက်ကို တပြိုင်တည်းခေါ်လိုက်တဲ့ PSG ၊ အမေ့အိမ်ဆီပြန်လာကြတဲ့ လူကာကူ၊ ဂရစ်မန်းနဲ့ ရော်နယ်ဒိုတို့ရဲ့ အပြောင်းအရွှေ့တွေကတော့ ဒီနှစ်နွေရာသီရဲ့ Highlight တွေပါပဲ။
ဒီထဲကမှ Global Brand နှစ်ခုဖြစ်တဲ့ ရော်နယ်ဒို နဲ့ မန်ယူနိုက်တက်တို့ပေါင်းထုတ်မှုကတော့ နေနဲ့လ ရွှေနဲ့မြလို့ ပြောရမယ်။ အပြောင်းအရွှေ့ပြီးမြောက်ကြောင်း တရားဝင်ကြောငြာပြီးချိန်က စလို့ ကလပ်ရဲ့ရှယ်ယာစျေးတွေ တက်လာသလို ရော်နယ်ဒိုရဲ့ကျော်နံပါတ် 7 ဂျာစီကလည်း အားကစားလောကရဲ့ စံချိန်တင်ရောင်းချရမှုအဖြစ် မှတ်တမ်းဝင်နေပါတယ်။ဒါတွေက ရော်နယ်ဒိုယူဆောင်လာခဲ့တဲ့ ကွင်းပြင်ပအိမ်ပြင်လက်ဆောင်တွေပါပဲ။
ဒီလာမယ့် စနေ့နေ့မှာတော့ ရော်နယ်ဒိုယူဆောင်လာမယ့် နောက်ထပ်လက်ဆောင်တစ်ခုကို ကျွန်တော်တို့မြင်ရပါတော့မယ်။ အသက် ၃၆ အရွယ်ကစားသမားတစ်ယောက်က ဘာတွေယူဆောင်နိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။
နယူးကာဆယ်တဲ့။ ပရီးမီးယားလိဂ်ပရိတ်သတ်တွေတိုင်း ငှက်ကျားတို့ရဲ့ တိုက်ခိုက်လိုစိတ်ကို ခေတ်အဆက်ဆက်မှ ာတွေ့ခဲ့ပြီးပြီ။ မာမာထန်ထန်ကစားတတ်တဲ့ ငှက်ကျားဟာ ပရီးမီးယားလိဂ်ကျားတွေအတွက် အိပ်မက်ဆိုးတွေ အကြိမ်ကြိမ်မက်စေခဲ့တဲ့အသင်းမလား။ ဒီနှစ်လည်း သူတို့ လုပ်ပြလိမ့်အုံးမည်။သို့သော် ဒီတစ်ပတ်တော့မဟုတ်၊ ဒီတစ်ကြိမ်တော့ မဟုတ်တန်ရာ။
ဘာကြောင့်လဲဆိုတော့ ရော်နယ်ဒိုပါလာမယ့် ယူနိုက်တက်ရဲ့ အိမ်မက်ကဇာတ်ရုံဆီ အလည်သွားရမှာမို့ပါပဲ။ နယူးကာဆယ်နဲ့ယူနိုက်တက်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ ယူနိုက်တက်ဟာ သိသိသာသာအနိုင်ယူထားနိုင်တာကိုတွေ့ရတယ်။ နောက်ဆုံးဆယ်ကြိမ်ထိပ်တိုက်တွေ့ဆုံမှုမှာ ၆ ပွဲအထိအနိုင်ကစားထားနိုင်ပြီး ၂ ပွဲသရေနဲ့ ၂ ပွဲသာရှုံးနိမ့်ထားတာကိုတွေ့ရပါတယ်။
လက်ရှိခြေစွမ်းအရ ကြည့်ရမယ်ဆိုရင်လည်း နယူးကာဆယ်အသင်းဟာ သုံးပွဲကစားတစ်မှတ်သာ ရရှိခဲ့သေးတာဖြစ်ပါတယ်။ ဆောက်သမ်တန်၊ဗီလာ၊ဝက်ဟမ်းတို့လို Level တူကလပ်အသင်းတွေကို အနိုင်မယူနိုင်ခဲ့တာမို့ သူတို့ရဲ့အဆင့်ရပ်တည်မှုဟာ အံ့သြစရာရှိမှာ မဟုတ်ပါဘူး။တိုက်စစ်က သုံးပွဲမှာ လေးဂိုးသွင်းထားတယ်ဆိုပေမယ့် ဒီတစ်ပတ်ရင်ဆိုင်ရမှာလည်း ဗာရန်းနဲ့ မက်ကွဲယားတို့ရဲ့ ခံစစ်အတွဲဖြစ်တာကြောင့် ရုန်းကန်ရဖို့ရှိနေတယ်။ စိန့်မက်ဆီမန်ရဲ့ အတိုးအလှုပ်အယိမ်းအနွဲ့တွေက လုံလုံလောက်လောက်အကျိုးပြုနိုင်ပါ့မလားဆိုတာပဲ စောင့်ကြည့်ရမှာပါ။ ခံစစ်ကိုကြည့်မယ်ဆိုရင်လည်း တစ်ပွဲကို နှစ်ပွဲနှုန်းခွင့်ပြုထားရတာမို့ ယူနိုက်တက်ရဲ့ တိုက်စစ်ကို ယှဥ်ထိန်းနိုင်ပါ့မလားဆိုတဲ့ သံသယမေးခွန်းတွေနဲ့ပဲ ဒီတစ်ပတ်ကို ကျော်ဖြတ်ရပါမယ်။
ယူနိုက်တက်ကို ကြည့်ရမယ်ဆိုရင်ဖြင့် လိဒ်၊ ဝုဗ်တို့ကို အနိုင်ကစားပြီးဆောက်သမ်တန်တို့နဲ့ သရေကျထားပါတယ်။ အမှားအယွင်းကင်းကင်းနဲ့ ရာသီကို စတင်ထားပြီး ရော်နယ်ဒိုကိုပါ အသင်းအတွက် ထပ်ပေါင်းထည့်နိုင်ခဲ့တာကိုတွေ့ရပါတယ်။ ဒီတစ်ပတ်ပွဲစဥ်မှာလည်း တိုက်စစ်အခင်းအကျင်းအနေနဲ့ ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးနဲ့နောက်ဆုံးဟက်ထရစ်ကို နယူးကာဆယ်ဘက် သွင်းယူထားတဲ့ ရော်နယ်ဒိုနဲ့အတူ ဆန်ချို၊ဂရင်းဝုဒ်တို့ ဝန်းရံပွဲထုတ်လာမယ်လို့မြင်ပါတယ်။ အရံခုံမှာလည်း ကာဗာနီလို ကစားသမားမျို းရှိနေမှာမို့ ယူနိုက်တက်တိုက်စစ်ပိုင်းက ဒီတစ်ပတ်အတွက် လုံလောက်တယ်ဆိုတာထက်ပိုမယ်ထင်ပါတယ်။ကွင်းလယ်မှာတော့ ဘရာဇီးရဲ့ တိုင်ကြားမှူကြောင့် ပွဲပယ်ခံထိတဲ့ ဖရက်မပါနိုင်တာကြောင့် မာတစ် နဲ့ တော်မီနေးတစ်ယောက်ယောက်ကို တွေ့ရဖို့ရှိပါတယ်။ပေါ့ဘာ၊ဘရူနိုတို့လည်း ဝင်ကန်မှာမို့ လူစုံတက်စုံဖြစ်နေတဲ့ ယူနိုက်တက်ကတော့ အနိုင်ကလွဲပြီး တခြားဘာမှကို မျှော်လင့်ထားမှာမဟုတ်ပါဘူး။
ဒီတစ်ပတ်အတွက် ရော်နယ်ဒိုရဲ့အိမ်ပြန်လက်ဆောင်ဟာ ယူနိုက်တက်ပရိတ်သတ်တွေကို ပျော်ရွှင်စေလိမ့်မယ်လို့ထင်ပါတယ်။
စာလည်းရှည်ပြီ တော်သေးပြီ xd
Comments
Post a Comment