ပထမဆုံးပြောပြချင်တဲ့ Charm ကတော့ Aqua Eructo ဆိုတဲ့ Charmပဲဖြစ်ပါတယ်။ အသုံးပြုရတာလဲ လွယ်ကူတယ်ဗျ၊ သူ့ရဲ့Charmနာမည်ကို တိတိကျကျမှန်အောင်ရွတ်ပြီး wandကို ကိုယ်ရေပက်ချင်တဲ့ နေရာတစ်နေရာကို ညွှန်လိုက်ရုံပါပဲ။ ကိုယ့်ရဲ့မှော်စွမ်းအားကြီးရင် ကြီးသလို အရှိန်ပြင်းပြင်းနဲ့ ရေတွေတောက်လျှောက်ထွက်လာမှာပါ။ ဒီCharm က ထွက်တဲ့ရေဟာ မှော်စွမ်းအားရှိတဲ့အပြင် အားတော်တော်ပြင်းတာကြောင့် နဂါးမီးကိုတောင် ငြှိမ်းနိုင်ပါတယ်ဗျ။
ဒါ့အပြင် သူဟာ Fire Dwelling Salamandar တွေနဲ့ Blast-Ended Skrewt တို့လို ကိုယ်ထဲကနေ မီးတောက်တွေထုတ်နိုင်တဲ့ အကောင်တွေကိုလည်း နှိမ်နှင်းနိုင်ပါတယ်။ Aqua Eructoလိုမျိုး မီးတောက်ထုတ်နိုင်တဲ့ အကောင်တွေကို နှိမ်နင်းနိုင်တဲ့ Jinxတစ်ခုရှိပါသေးတယ်ဗျ။ သူကတော့ Ebublioလို့ခေါ်တဲ့ Jinxပါ။ ဒီJinxဟာ Targetကို အလွန်ကြီးမားတဲ့ ရေပူဖောင်းတစ်လုံးနဲ့ အလုံပိတ်လိုက်မှာဖြစ်ပါတယ်ဗျ။
ဒီရေပူဖောင်းကို ဘယ်လောက်သန်မာတဲ့အားနဲ့ဖြစ်စေ ကွဲပေါက်အောင် လုပ်လို့ မရနိုင်ပါဘူး။ ဒါကြောင့်မို့ ဒီJinxဟာ Trollsတွေ Gnomesတွေလို သတ္တဝါကြီးတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ အလွန်အသုံးဝင်ပါတယ်။ ရေပူဖောင်းကြီးဟာ Targetမှာရှိတဲ့ မီးတွေကိုလည်း ငြှိမ်းလိုက်နိုင်တာကြောင့် မီးတောက်ထုတ်လွှတ်တဲ့ သတ္တဝါတော်တော်များများကို နိုင်ပါတယ်။ ဒီဂါထာကိုလည်း Hogwartsကျောင်းကြီးမှာ သင်ကြားပေးပါတယ်ဗျ။
နောက်ဆုံးတစ်ခုကတော့ Water-Making Spellလို့ခေါ်ကြတဲ့ Aguamenti Charm ပဲဖြစ်ပါတယ်။ ဒီspellရဲ့ နာမည်ကို မှန်အောင်ရွတ်ပြီး wandကို “ ~ “ဒီပုံစံလေး လှုပ်ရှားလိုက်တာနဲ့ wandရဲ့ထိပ်ကနေ သန့်ရှင်းပြီး သောက်သုံးလို့ ရတဲ့ရေတွေ ဒလဟောထွက်လာမှာပဲဖြစ်ပါတယ်။ ဒီဂါထာဟာ အဆင့်မြင့်ဂါထာအမျိုးအစားဖြစ်တာကြောင့် Hogwartsမှာဆိုရင် နောက်ဆုံးနှစ်ကျောင်းသားတွေသာ သင်ရမှာဖြစ်ပါတယ်။
ဒီဂါထာဟာ အသုံးပြုတဲ့သူ အာရုံစိုက်နိုင်ရင် စိုက်နိုင်သလောက် စွမ်းအားကြီးသွားနိုင်ပြီး ရေအားလည်း ပြင်းနိုင်ပါတယ်။ ဒါ့အပြင် ဒီဂါထာကိုသုံးပြီး အနားမှာရှိတဲ့ ရေကို မိမိကြိုက်ရာ ပုံစံပြောင်းနိုင်တာကြောင့် အလွန်အသုံးဝင်တဲ့ Spell ဖြစ်ပါတယ်။ Dumbledore ဟာ Voldemort နဲ့ တိုက်တဲ့အခါ ဒီSpellကို အသုံးပြုပြီး အလွန်ကြီးမားတဲ့ ရေလုံးတစ်လုံးဖန်တီးခဲ့ပါတယ်။ ကျောင်းစောင့်ကြီး Hagrid ဟာ သူ့တဲ မီးလောင်သွားတဲ့အခါမှာ ဒီSpellကို အသုံးပြုပြီး ငြှိမ်းသတ်ခဲ့ပါတယ်။
ဒါ့အပြင် ဒီSpellဟာ Fire-Making Spellတွေနဲ့ ယှဉ်ပြိုင်ပြီး တိုက်ရတဲ့အခါ Water Shieldအနေနဲ့ အသုံးပြုပြီး ကာကွယ်နိုင်ပါသေးတယ်။ ရေတွေဟာ စုစည်းသွားပြီး ဒိုင်းကာပုံစံပြောင်းကာ သင့်ကို ကာကွယ်ပေးမှာဖြစ်ပါတယ်။ သို့သော်လည်း အထက်ပါ Water-Making Charmအားလုံးဟာ Dark Fireအမျိုးအစားဖြစ်တဲ့ Fiendfyre ကိုတော့ ငြိမ်းအောင် ငြှိမ်းနိုင်ခြင်းမရှိပါဘူးဗျ။ ဒါကြောင့်မို့ စုန်းဆိုးစုန်းညစ်တွေ Fiendfyre သုံးပြီး မီးတွေ ရှို့လာရင်တော့ စည်းစည်းလုံးလုံးနဲ့ Click ကြဖို့ လိုပါလိမ့်မယ်နော်xD
Ravenclaw’s Quiz(2):
သင် ထိုဟာရဲ့ နာမည်ကို ပါးစပ်ကနေထုတ်ပြောလိုက်တာနဲ့ အဲ့အရာကပျောက်ကွယ်သွားလိမ့်မယ်။ အဲ့ဒီအရာကဘာလဲ။
#PaingPatronus
နောက်ဆုံးအကြောင်းမှာ အူတက်ပြီ 🤣
ReplyDelete