Skip to main content

Young Boys Vs Manchester United

 


    Champion League ခေါင်းစဉ်အောက်မှာ Swiss League ရဲ့အရှင်သခင်လို့ တင်စားလို့ရတဲ့ Young Boys နှင့် ကျားကို အတောင်ပံတပ်ပေးထားသလို ဖြစ်နေတဲ့ Manchester United တို့ရဲ့အားပြိုင်မှု‌။



🟡⚫ အိမ်ရှင် Young Boys အသင်းဟာ Swiss League ထဲမှာတော့ ကျွန်တော်အကြိုက်ဆုံး(bet နေကျ ×D) အသင်းတစ်သင်းဖြစ်ပါတယ်။ 

အတော်လေးခြေစွာပြီး ဘောလုံးပိုင်ဆိုင်မှုအသာစီးနှင့် ကစားတတ်တဲ့အသင်းမျိုးပါ။ 

Swiss League Championship 15 ခါ၊ Swiss Cup 6 ခါရဖူးတဲ့ ပထမဆုံးသောအသင်းဖြစ်ပါတယ်။

2020/21 ရာသီမှာ အုပ်စုဒုတိယနေရာက အသင်းကို 31 မှတ်ဖြတ်ထားပြီ းဗိုလ်စွဲထားခဲ့တာပါ။ 

အဲဒီလိုကနေ Champion League ခြေစစ်ပွဲတွေကို ဖြတ်ကျော်ပြီး United အသင်းနှင့် အုပ်စုအဆင့်မှာ ကစားရပါတော့မယ်။ 

Young Boys အသင်းဟာ နောက်ဆုံးအိမ်ကွင်းမှာ ကစားခဲ့တဲ့ 13 ပွဲလုံးမှာ ရှုံးနိမ့်ထားခြင်း မရှိပါဘူး။ 

ဒီ Transfer Window မှာ ကစားသမားခေါ်ယူမှုကြီးကြီးမားမား ပြုလုပ်ထားခဲ့ခြင်း မရှိပေမဲ့ အသင်းအနေအထားအရ တောင့်တင်းတဲ့လူစာရင်းကို ပိုင်ဆိုင်ထားပြီးသားဖြစ်ပါတယ်။

ဒါပေမဲ့ အသင်းဟာ ဒဏ်ရာပြဿနာတွေနှင့် ရင်ဆိုင်နေရပါတယ်။

Fabian,Cedric,Nico,Esteban တို့ဟာ ဒဏ်ရာကြောင့် ဒီပွဲမှာ ပါဝင်လာမှာ မဟုတ်ပါဘူး။ 

အသင်းရဲ့အားထားရတဲ့ တိုက်စစ်မှူး Jean Pierre ဟာလည်း ဒီပွဲကို လွဲချော်မှာဖြစ်တဲ့အတွက်ကြောင့် Young Boysတို့အတွက် ကံဆိုးတာပါပဲ။ 

ဒါပေမဲ့ ကွင်းလယ်မှာ Fassnacht ,Aebischer,Ngamaleu တို့လို အရည်အချင်းရှိတဲ့ကစားသမားတွေ ရှိနေပါသေးတယ်။ 

သူတို့ရဲ့ရှေ့က Eila×Siebatcheu တိုက်စစ်အတွဲဟာ United နောက်တန်းကို ကောင်းကောင်းအလုပ်ပေးနိုင်မှာပါ။ 

⚔️ Champion League ထိပ်တိုက်တွေ့ဆုံမှု 2 ကြိမ်စလုံးမှာ United ကပဲ အနိုင်ရရှိထားပါတယ်။ 

နည်းပြတွေ၊ကစားသမားတွေ၊အပြောင်းအလဲများစွာရဲ့ကြား လာမဲ့ တွေ့ဆုံမှုမှာ ဘယ်လိုရလဒ်ထွက်ပေါ်လာမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ 

🔴 United ဟာ Premier League မှာကောင်းမွန်တဲ့စတင်မှုတွေ ရှိခဲ့ပြီး ပွဲစဉ်4ပွဲ ပြီးတဲ့နောက် အမှတ်ပေးဇယားပထမနေရာ မှာ ရပ်တည်နေပါတယ်။ 

Newcastle ကို ဂိုးပြတ်အနိုင်ရခဲ့ပြီး အဝေးရောက်သူရဲနီတစ်ယောက်ရဲ့ အိမ်အပြန်ခရီးဟာ အချိုပေါ် သကာလောင်းသလို ဖြစ်ခဲ့ပါတယ်။ 

အဲ့တာကြောင့် Unitedကစားသမားတွေရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာဟာ အမြင့်ဆုံးမှာ ရှိနေမှာဖြစ်ပြီး အဲ့ဒီပွဲက အရှိန်အဟုန်တွေကို ဒီ Young Boys နှင့်ပွဲ မှာပြန်လည်မြင်တွေ့ရနိုင်ပါတယ်။ 

မနှစ်ကလို အုပ်စုအဆင့်နှင့် မထွက်ခွာရအောင် အစမှာကတည်းက အမှတ်တွေယူထားဖို့ အစွမ်းကုန်ပြင်ဆင်လာလိမ့်မယ်လို့ ထင်ပါတယ်။ 

လက်ရှိ United မှာတောင့်တင်းတဲ့လူစာရင်း ရှိနေပါတယ်။ 

Ole ရဲ့စကားအရ Cristiano ဟာအသင်းရဲ့ Starting Line Up တိုင်းမှာ ပါဝင်လာဖို့ရှိပါတယ်။ 

Cavani က‌တော့ Training မှာရခဲ့တဲ့ အငယ်စားဒဏ်ရာကြောင့် ဒီပွဲကို လွဲချော်မှာပါ။ 

Rashy မပါ‌သေးပေမဲ့ Sancho ဟာ အသင်းနှင့် အသားကျနေပြီး Cristiano, Greenwood, Martial တို့လည်း ရှိနေတဲ့အတွက်ကြောင့် United ရဲ့တိုက်စစ်ဟာ ကြောက်စရာကောင်းနေပါတယ်။ 

လူငယ်လေး Greenwood ဟာ 4 ပွဲကစား 3 ဂိုးသွင်းယူထားပြီး Newcastle နှင့်ပွဲက Cristiano ရဲ့ Debut Goal အတွက် အဓိကကျခဲ့သူလည်းဖြစ်ပါတယ်။ 

လူစားဝင်လာပြီး အကောင်းဆုံးခြေစွမ်းတွေ ပြသတတ်တဲ့ Jlingz ကိုလည်းမေ့ထားလို့မပါဘူး။ 

4 ပွဲကစား 4 ဂိုးသွင်းယူထားတဲ့Bruno ရဲ့အဝေးဂိုးကန်သွင်းချက်တွေဟာ Young Boys ဂိုးသမားကို ဒုက္ခပေး‌မှာ အသေအချာပါပဲ။ 

ကွင်းလယ်ဗိုလ်ချုပ် Pogba ဟာ 4 ပွဲကစားပြီး ဂိုးဖန်တီးမှု 7 ခုပြုလုပ်ထားပါတယ်။ သူနှင့်တွဲကစားဖို့ Matic ,Fred,Donny တစ်ယောက်ယောက်ကို ပွဲထုတ်လာနိုင်ပါတယ်။ 

ခံစစ်ဘယ်ညာမှ Spidy နှင့် Shawberto တို့ဟာလည်း တိုက်စစ်ထိ လိုက်လံအားဖြည့်ပေးနေပါတယ်။ 

ဗဟိုခံစစ်ပိုင်းမှာ ဂေါင်းကြီး နှင့် Varane ဟာအချိတ်အဆက်မိမိ ကစားနေပါတယ်။ 

Newcastle နှင့်ပွဲက Varane ရဲ့စွမ်းဆောင်ရည်တွေဟာ တစ်ကယ်ကို ချီးကျူးစရာပါပဲ။(ကျနော်တော့ ချစ်ကျွမ်းဝင်နေပြီxD) 

ဒီညတော့ လူစုံတက်စုံနှင့် ကျားကို အတောင်ပံတပ်‌ပေးထားသလိုဖြစ်နေတဲ့ သူရဲနီတွေဘက်မှာပဲ ကျွန်တော်ရှိနေပါမယ်။ 

ခန့်မှန်းဂိုးရလဒ်
Young Boys (1-3) Manchester United 


Young Boysအသင်း၏
ခန့်မှန်းလူစာရင်း(4-4-2)

Ballmoos,
Hefti,Camara,Zesiger,Garcia,
Fassnacht,Martins,Aebischer,Ngamaleu,
Elia,Siebatcheu 

United အသင်း၏
ခန့်မှန်းလူစာရင်း(4-2-3-1)

De Gea,
Bissaka,Varane, Maguire,Shaw,
Pogba,Fred,
Greenwood,Bruno,Sancho,
Cristiano. 


Champion League Gp(F) Round-1
Time - Sep 14,Tue,11:15pm
Stadium - Stade de Suisse Wankdorf
Referee - Francois Letexier


Comments

Post a Comment