ဒီနေ့မှာ ပြောပြချင်တဲ့ ပန်းကလေးကတော့ Purple Crocus လေးပါ
ချစ်ခြင်းမေတ္တာကို အရောင်နဲ့ ဖော်ပြလို့ရရင် အဲ့တာ ခရမ်းရောင်ပဲ ဖြစ်မှာပေါ့။
Crocus ပန်းလေးရဲ့ ဘာသာစကားက
" မင်းရဲ့ အောင်မြင်မှုက ငါ သဘောအကျဆုံးပါ တဲ့။
Korean ဘာသာမှာတော့ ပျော်ရွှင်မှု၊ ငယ်ရွယ်နုပျိုမှုနဲ့ မျှော်လင့်ချက်တဲ့။ It symbolizes merriment, youthfulness, and hope.
Crocus ပန်းလေးတွေက နာမည် အများကြီး၊ အရောင်အများကြီးရှိတယ်။ Spanish လိုဆိုရင်တော့ azafran တဲ့။ အနီးစပ်ဆုံး အသံထွက်ရရင် အက်ဇာဖရန် ပေါ့။ Crocus, Fairy Lily, Autumn Zephyr Lily, Magic Lily, Rain Lily , Crocus Lily အစရှိသဖြင့်လည်း ခေါ်ကြတယ်။ မြန်မာလိုတော့ မိုးကြိုပန်း၊ နှင်းပန်း၊ မိုးသောက်ပန်း အမျိုးမျိုး ခေါ်ကြတယ်။ ဘယ်နေရာမှာမဆို ပေါက်ရောက်ရှင်သန်ပြီး ပွားလွယ်တယ်ဆိုပေမယ့် အအေးပိုင်းဒေသရဲ့ ဒေသပေါက်ပင်၊ အလေ့ကျပင်လေးတွေပါ။ တောင်ပေါ်မြို့ကလေးတွေမှာဆို မိုးကြိုပန်း ခရမ်းရောင်တွေဟာ မျက်စိရှေ့ တမျှော်တခေါ် အလှပဆုံး ပန်းချီကားတစ်ချပ်လို ပွင့်ကြတယ်။ ပုံမှန်ရာသီမှာဆို မြက်ပင်ကလေးတွေလို ပေါက်ရောက် ရှင်သန်ပြီး သူ့အချိန်ကျတဲ့အခါမှ အလှပဆုံး ဖူးပွင့်ကြတဲ့ ချစ်စရာကောင်းတဲ့ ပန်းလေးတွေပါ။ ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ပဲဖြစ်ဖြစ် ဒါမှမဟုတ် မိတ်ကပ်အလှပြင်တဲ့ နေရာမှာပဲဖြစ်ဖြစ် အသုံးပြုလို့လည်း ရပါတယ်တဲ့။
Photo credit Google (original uploader)
Thanks 😊
ReplyDeleteThank you Purple Crocus I see them every day.
ReplyDeleteI crazy purple colour💜💜💜
ReplyDelete💟💟💟
GG Zoro
ReplyDeleteThanks
ReplyDeleteDone 🤍
ReplyDeleteWow ... I love them <3
ReplyDelete