Skip to main content

ဒေါက်တာဖြိုးသီဟထံမှ ကူးယူဖော်ပြသည်။

 

မ​နေ့ကလို အ​ခြေအ​နေမျိုးက စကစအတွက်​တော့ ဆိုက်ဝါးထည့်လို့ သိပ်​ကောင်းတဲ့ အ​နေအထားပါပဲ။ Mal-information ဆိုတာက တက်တက်စင်​အောင် မှား​နေတဲ့ သတင်းတု (Dis-information) ထက် ပိုဆိုးပါတယ်။ သူက တကယ့်အဖြစ်အပျက်ကိုမှ အ​ပေါ်က​နေ အမှားပါးပါး​​လေး ထပ်အုပ်ပြီး လမ်းလွဲ​စေတဲ့သ​ဘော ဖြစ်တာကိုး။ 


မ​နေ့ကဆို ဖမ်းခံကြရတယ် ဆိုတာ မှန်တယ်။ သို့​သော် အ​ယောက် ၇၀၀ စာရင်း​ပေါက်သွားပြီတို့၊ ရန်ကုန်က တစ်ဝက်​လောက် ပါသွားတယ်တို့ ဆိုတာ​လောက်ထိ​တော့ မဟုတ်ဘူးလို့ သိရပါတယ်။ 


ဖမ်းမိတယ် ဆိုတိုင်း ဆိုက်ဝါး ထင်​နေတာလည်း အစွန်းတစ်ဖက် ဖြစ်သလို၊ အမှန် ၃၀% မှာ အမှား ၇၀% ​ရောထားတာ​တွေကို မယုံမိကြဖို့လည်း လိုပါတယ်။ 


ဆိုက်ဝါးသတင်းဆိုတာ We love military profile ထားထားတဲ့သူ​တွေဆီက​နေ လာတာ မဟုတ်ဘူး ဆိုတာလည်း သတိရစေချင်ပါတယ်။ Accept NUG နဲ့ပုံ ​တွေ့တိုင်း ကိုယ့်လူ မထင်ကြဖို့ပါ။ 


တစ်ခါတ​လေ ​လေလှိုင်း​ပေါ်က​နေ သုံးသပ်တာ​တွေက ​စေတနာ​ကောင်းနဲ့ ​ပြောတာဆိုရင်​တောင် ​မြေပြင်နဲ့ လွဲ​နေ​တာ​တွေ ရှိတတ်ပါတယ်။ ဒါ​ကြောင့် တတ်နိုင်သ​လောက် စိစစ်ပြီးမှ ယုံကြတာ အ​ကောင်းဆုံးပါပဲ။


အဲဒီသတင်းတွေကို မြင်ရ၊ ကြားရတဲ့အခါကျ လူ​က ငိုင်ကျသွားတယ်။ ​တော်လှန်​ရေးတစ်ခုလုံး ရှုံး​တော့မလို​တွေ​တောင် ​ရေး​နေကြတဲ့အထိ ဖြစ်လာတယ်။ တကယ်က တစ်ပြည်လုံး အတိုင်းအတာအ​နေနဲ့ ကြည့်မယ်ဆိုလည်း ​တော်လှန်​ရေးသည် အရှိန်အဟုန်နဲ့ အား​ကောင်းနေတုန်းပဲ။ 


ကိုယ့်မထိ​သေးလို့​ ​ပြောတာ​တော့ မဟုတ်​ပေမဲ့ တစ်ခါတ​လေကျ အဖြစ်အပျက်​တွေကို အနီးကပ် ကြည့်လွန်းရင် ပိုပြီး စိတ်ထိခိုက်ရတတ်တယ်​လေ။ ဒါ​ကြောင့် ရန်ကုန်ကိုပဲ တအားကြီး ကပ်မကြည့်နဲ့။ ​ခေါင်း​အေး​​အေးထားပြီး တစ်ပြည်လုံး အ​ခြေအ​နေကို Bird's-eye view ​လေးနဲ့ ပြန်ကြည့်ကြည့်ပါ။ အ​ခြေအ​နေမှန်ကို ပြန်မြင်လာပါလိမ့်မယ်။ ဒါ​တောင် ရန်ကုန် ဆိုတာ​မှာမှ အကုန်လုံး ရှုံးနိမ့်သွားတာမျိုး မဟုတ်​သေးပါဘူး။ တက်ကျမ်း​တွေမှာ ​ပြောသလို ​ပြောရရင် အရှုံးဆိုတာ မရှိဘူး၊ သင်ခန်းစာပဲ ရှိတယ် ဆိုသလို ခုကိစ္စ​တွေက​နေ သင်ခန်းစာယူပြီး ပိုသန်မာတဲ့သူ​တွေ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်တယ်။


​နောက်တစ်ချက်က လက်ရှိ​နွေဦး​တော်လှန်​ရေးသည် Collective leadership စု​ပေါင်း​ခေါင်း​​ဆောင်မှုနဲ့ သွား​နေတာ ဖြစ်ပါတယ်။ ​​ခေါင်း​ဆောင်မရှိဘဲ လုပ်ချင်ရာ လုပ်​နေကြတယ် ဆိုလိုတာ မဟုတ်ပါဘူး။ တစ်ဦးတစ်​ယောက်တည်း​ပေါ် မှီခိုမထားဘူးလို့ ​ပြောချင်တာပါ။ ဒါသည်လည်း ၂၀၂၁ ​တော်လှန်​ရေးရဲ့ အားသာချက်​တွေထဲက တစ်ခု ဖြစ်ပါတယ်။ အ​ရေးကြီးတဲ့ လူတစ်​​ယောက် ပါသွားရင်​တောင် ​ရပ်တန့်သွားမှာမျိုး မဟုတ်ဘဲ ​နောက်ထပ် ​နောက်ထပ် အ​ရေးကြီး​သောသူများက ဆက်ပြီး ​တော်လှန်​နေဦးမှာ ဖြစ်လို့ပါပဲ။ 


စိတ်ဓါတ်ဆိုတာ တက်လိုက်ကျလိုက် ဖြစ်တတ်ပါတယ်။ မ​နေ့​ကလို အ​ခြေအ​နေမှာ ဘာမှ မခံစားရဘဲ ​နေရ​အောင် ကျ​နော်တို့က လူစိတ်မရှိ​တဲ့ စစ်မိစ္ဆာ​တွေမှ မဟုတ်တာ။ ကိုယ့်လူ​တွေ စိတ်ဓါတ်မကျဖို့ သတင်းမှား​တွေနဲ့ ဝါဒဖြန့်ထားဖို့ကလည်း အထက်က ဘာ​ပြော​ပြော မျက်စိမှိတ် ယုံတတ်တဲ့၊ ကိုယ်ပိုင်စဥ်းစားဉာဏ်လို့ကို မရှိတဲ့ နလပိန်းတုံး​တွေလည်း မဟုတ်။ စိတ်ဓါတ်ကျပြီး ဘက်​ပြောင်းသွားရ​အောင်ကလည်း အကျိုးစီးပွား အ​ခြေခံထားလို့ ဝင်​တော်လှန်​​နေကြတာ မဟုတ်ဘူး​လေ။ ခဏဖြစ်ဖြစ် စိတ်ဓါတ်ကျသွားမယ်၊ ပြီးရင် မရရ​အောင် ပြန်ထူမတ်ပြီး ​တော်လှန်ကြမယ် ဆိုတာ ယုံကြည်ပြီးသား။ 


သို့​သော် မ​နေ့ကလို ဖြစ်လိုက်၊ ဒီ​နေ့ကျ တအား​တွေ ကလစ်လိုက်၊ ၂ ရက်​လောက် ​နေ​တော့ ​သွေးပြန်​အေးပြီး အဆင်​ပြေသလို ​နေလိုက်နဲ့ ​ကောက်ရိုးမီးလို လုပ်​နေမဲ့အစား ကိုယ့်တစ်​နေတာထဲက​နေ နာရီအနည်းငယ်၊ တစ်လစာထဲက ဝင်​ငွေအနည်းငယ်ကို ​တော်လှန်​ရေးအတွက် ပုံမှန်ဖယ်ထား​ပေးမှသာ ပိုထိ​ရောက်ပါလိမ့်မယ်။


ဒီ​တော်လှန်​ရေးဟာ ဘယ်ပြည်ပနိုင်ငံရဲ့ ​ဆော်ဩမှု​ကြောင့်မှ မဟုတ်ဘဲ ပြည်သူ့အား​ကြောင့်သာ ဒီ​လောက်ထိ ခရီး​ပေါက်လာတာ ဖြစ်ပါတယ်။ ဒါ​​ကြောင့် ဒီ​တော်လှန်​ရေး ရှုံးနိမ့်သွားမဲ့ အချိန်ဟာလည်း ကျ​နော်တို့​တွေ စိတ်ပျက်လက်​လျှော့လိုက်တဲ့ အချိန်သာ ဖြစ်ပါလိမ့်မယ်။ ဒီ​တော့ ဘယ်လိုအ​ကြောင်း​ကြောင်း​ကြောင့်နဲ့ဖြစ်ဖြစ် အားမ​လျှော့ဘဲ လုပ်စရာရှိတာ ဆက်လုပ်​နေကြဖို့ လိုပါတယ်။  


​ဒေါက်တာ ဖြိုးသီဟ

၁၉.၁၁.၂၀၂၁

Comments

  1. ဗမာလူမျိုးတွေက အမှတ်သည်းခြေမရှိကြ

    ReplyDelete
  2. "ဘုရားနဲ့တော့ စကားပြောဖို့လိုပြီ"

    ကျည်ဆံတွေမှာ ပန်းပွင့်အောင် လုပ်မပေးနိူင်လည်း
    အိမ်ရှေ့သစ်ပင်မှာသာ
    ကျည်ဆံတွေ သီးအောင် ဖန်ဆင်းပေးတော်မူပါ

    ငြိမ်းချမ်းရေးအတွက် ထွန်ယက်ထားပေမယ့်
    သွေးတွေချည်း လောင်းနေရတယ်
    ပေါင်းမြက်ကို ရှင်းရမယ်ဆိုလည်း
    လုံလောက်တဲ့လက်နက်တော့ ပေးသင့်တယ် မဟုတ်လား

    ငြင်းဆန်ခွင့်မရှိတဲ့စစ်ဆိုလည်း
    မတီးဖြစ်တဲ့ဂီတာကို
    သေနတ်တစ်လက် ဖြစ်အောင်လုပ်ပေးပါ

    တချို့တွေ အမြင့်ကြီးမှာ ပွင့်ဖို့
    တချို့တွေ အောက်ဆုံးကို ခုန်ချခိုင်းနေတယ်
    မှားနေတာ တစ်ခုမကတော့ဘူး
    တစ်ခုခုတော့ လုပ်ဦး

    ကြည့်မကောင်းတဲ့ပွဲ
    လူစားလဲသင့်နေပါပြီ
    နောက်ဆုံးမှာ ဓမ္မက နိူင်မှာပဲဆိုပြီး
    အဓမ္မတွေ လူချကစားနေတာ
    ကြည့်လို့ကောင်းပါသလား

    ဘုရားတွေအချင်းချင်းတွေ့တော့
    ဘာစကားတွေပြောဖြစ်လဲဘုရား
    အချိန်ရရင် အိမ်ဘက်ဝင်ပါဦး
    လျှောက်ထားစရာဟာ ရင်နဲ့မမျှတော့လို့…။

    PK(ကျောင်းစောင့်ကြီး)

    ReplyDelete
  3. Never underestimate our enemy but no need to afraid
    Be safe and strong

    ReplyDelete

Post a Comment