Copy from Support PRA telegram channel
VPN ပြောင်းပေးပါ ဆိုတာ ဘာကို ပြောတာလဲ
=====================================
သိပြီးသားသူတွေရှိသလို မသိသေးသူတွေလည်း ရှိနိုင်လို့ ရှင်းပြပါရစေ။ VPN တစ်ခုမှာ ကိုယ်က US ကို ချိတ်လိုက်ပြီဆိုပါစို့။ ချိတ်ပြီးသွားတာနဲ့ ကိုယ့်ရဲ့ IP Address ဟာ ပြောင်းသွားပါတယ်။ 155.94.216.147 ဆိုပါစို့။ VPN မသုံးခင်က ကိုယ့်ရဲ့ IP Address ဟာ မြန်မာပြည်က Address ဖြစ်ပါတယ်။
VPN တစ်ခုကို ချိတ်လိုက်တာနဲ့ ကိုယ့်ရဲ့ IP Addresss ဟာ ချိတ်တဲ့ နိုင်ငံရဲ့ (Server) IP Address ဖြစ်သွားပါတယ်။ မင်မင်တို့ VPN ပြောင်းပါလို့ ပြောတာဟာ အဲဒီ IP Address ကို မတူစေချင်လို့ ဖြစ်ပါတယ်။ VPN တွေဟာ တစ်ခုနဲ့ တစ်ခု မတူတတ်ပါဘူး။ ဥပမာ Nord VPN, Express VPN တို့မှာဆိုရင် Server တွေ အများကြီး အများကြီး ရှိပါတယ်။ အဲဒီ VPN တွေကို သုံးသူတွေဟာ US တစ်နိုင်ငံထဲမှာတင် Server အများကြီး ပြောင်းလို့ရပါတယ်။ မြို့တွေ အများကြီး ပြောင်းလို့ရပါတယ်။ အဓိကက တစ်ကြိမ်ဝင်တာနဲ့ နောက်တစ်ကြိမ်ဝင်တာမှာ IP Address ကို မတူစေချင်တာပါ။
အချို့ VPN တွေကျတော့ Server နည်းနည်းလေးပဲ ပါပါတယ်။ တချို့ဆို US Server တစ်ခုပဲ ပါပါတယ်။ အဲဒီတော့ အဲဒီ VPN သုံးသူဟာ IP Address တစ်ခုတည်းကနေ တစ်နေ့ကို ငါးကြိမ် ဝင်ပေးသလို ဖြစ်နေပါတယ်။ အဲဒီအခါမှာ Google က မသင်္ကာ ဖြစ်လာတတ်ပါတယ်။ အဲဒီလို Server နည်းတဲ့ VPN သုံးသူတွေဆိုရင်တော့ အခြား VPN Application နှစ်ခု သုံးခုလောက် ဆွဲထားပြီး ပြောင်းပြောင်းသုံးပေးတာ ပိုကောင်းပါလိမ့်မယ်။ အစောပိုင်းက ပြောခဲ့တဲ့ Nord VPN, Express VPN သမားတွေကတော့ သူတို့ VPN ထဲမှာကို Server ပေါင်း ရာချီ၊ ထောင်ချီရှိတာမို့ နောက်ထပ် VPN App ဒေါင်းစရာ မလိုပါဘူး။
ဒီလောက်ဆို VPN နဲ့ ပတ်သက်ပြီး အမြင်ရှင်းသွားကြမယ်ထင်ပါတယ်။ အဓိကက IP Address တစ်ခုတည်းက အကြိမ်ပေါင်းများစွာ ဝင်ကြည့်သလို မဖြစ်နေစေချင်တာပါ။
ပထမအကြိမ်ဝင်တဲ့အခါ US က Server တစ်ခုကို ရွေးပြီး VPN On မယ်။ ဝက်ဘ်ဆိုဒ်ကို နှစ်မိနစ် ၊ သုံးမိနစ် ဝင်ကြည့်မယ်။ ပြီးတဲ့အခါ နောက်ထပ် နှစ်နာရီ သုံးနာရီလောက်ကြာမှ ဖြစ်ဖြစ် အခြား VPN Server တစ်ခုနဲ့ နောက်တစ်ကြိမ် ဝင်ကြည့်မယ်။ နှစ်မိနစ် သုံးမိနစ်နေမယ်။ အဲ့လိုလေး လုပ်ပေးသွားရမှာ ဖြစ်ပါတယ်။ ဝက်ဘ်ဆိုဒ်ကို ဝင်ကြည့်ပြီး နာရီဝက်ကျော် ဖွင့်ထားတာမျိုးဟာလည်း မကောင်းပါဘူးခင်ဗျာ။ Google က မင်္သကာ ဖြစ်တတ်ပါတယ်။ အစွန်းနှစ်ဖက်ကို ရှောင်ရပါတယ်။ ဝင်ကြည့်ချိန် စက္ကန့်ပိုင်းလေးဆိုလည်း မသင်္ကာစရာဖြစ်သလို ဝင်ကြည့်ချိန် မိနစ်အများကြီးဆိုရင်လည်း သူတို့က မသင်္ကာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် တစ်ကြိမ်မှာ နှစ်မိနစ်၊ သုံးမိနစ်လောက် ဝင်ကြည့်ပြီး တစ်နေ့မှာ ငါးကြိမ်လောက် ခွဲကြည့်ပေးတာက ပိုကောင်းပါတယ်ခင်ဗျာ။
ဟုတ်ကဲ့ပါ
ReplyDeletedone
ReplyDeleteGreen VPNလည်း free to use ပါ US region များကြီးပါပါတယ်
ReplyDeleteDone
ReplyDeleteThank
ReplyDeletethank
ReplyDelete🧏
ReplyDeleteDine
ReplyDelete