DPC Season တွေကတော့ စလို့လာခဲ့ပြီပဲ ဖြစ်ပါတယ် အားလုံးသိကြတဲ့အတိုင်းပဲ DPC မှာ အမှတ်ရအောင် သယ်ထားနိုင်တဲ့ အသင်းတွေဟာ TI ကို Direct Invite နဲ့ ဝင်ခွင့်ရမှာ ဖြစ်ပြီးတော့ DPC နည်းတဲ့ အသင်းတွေဟာ သားဖွားမီးယပ်(OG)အသင်း လိုမျိုး ခွေးတိုးပေါက်ကနေ ဝင်ကစားရမှာလဲ ဖြစ်ပါတယ်။ DPC Point တွေ အများကြီးရထားပြီး TI ကျမှ တရုတ်အသင်းတွေ ထိပ်ခေါက်တာ ခံရတဲ့ အမေရိကန်ထုတ် သုံးဘီ(3G , EG)တွေလိုမျိုး မဖြစ်ဖို့ကလဲ အရေးကြီးနေပြန်ပါတယ်။ TI အကြောင်းပြောနေလို့ DPC point တွေကို ဒီနှစ်မှာ ရသလောက်ယူမယ် လေကြောင်းလိုင်းအသင်း(Nigma)ကို မေ့ထားလို့လဲ မရပြန်ပါဘူး ။ ဒီနေ့မှာ တင်ဆက်ပေးချင်တဲ့ ပွဲလေးကတော့ ဆေးလိပ်(Secret)တွေကို ဖင်ဆီခံချွတ်တီးတဲ့ သားဖွားမီးယပ်တွေပဲဖြစ်ပါတယ်။ ကိုဆေးလိပ်တို့ဟာ TI မှာ အမြင့်ဆုံးအောင်မြင်မှုအဖြစ် တတိယနေရာရရှိခဲ့ပေမယ့် နောက် TI အတွက် လူစာရင်းတွေအပြောင်းအလဲ လုပ်ထားတာလဲ ဖြစ်ပါတယ်။ မနှစ်က ကိုမီးယပ်တို့တစ်သင်းလုံးရဲ့ ဘောကို ထမ်းခဲ့ရတဲ့ Sumail ကို Mid အနေနဲ့ ကစားဖို့ ဆေးလိပ်တို့အသင်းကခေါ်ယူခဲ့ပြီး ကလေးလူသတ်သမား Nisha ကို Carry role ပြောင်းဆော့စေခဲ့တာ ဖြစ်ပါတယ်။ ထွက်ခွာသွားတဲ့ ...