DPC Season တွေကတော့ စလို့လာခဲ့ပြီပဲ ဖြစ်ပါတယ် အားလုံးသိကြတဲ့အတိုင်းပဲ DPC မှာ အမှတ်ရအောင် သယ်ထားနိုင်တဲ့ အသင်းတွေဟာ TI ကို Direct Invite နဲ့ ဝင်ခွင့်ရမှာ ဖြစ်ပြီးတော့ DPC နည်းတဲ့ အသင်းတွေဟာ သားဖွားမီးယပ်(OG)အသင်း လိုမျိုး ခွေးတိုးပေါက်ကနေ ဝင်ကစားရမှာလဲ ဖြစ်ပါတယ်။ DPC Point တွေ အများကြီးရထားပြီး TI ကျမှ တရုတ်အသင်းတွေ ထိပ်ခေါက်တာ ခံရတဲ့ အမေရိကန်ထုတ် သုံးဘီ(3G , EG)တွေလိုမျိုး မဖြစ်ဖို့ကလဲ အရေးကြီးနေပြန်ပါတယ်။ TI အကြောင်းပြောနေလို့ DPC point တွေကို ဒီနှစ်မှာ ရသလောက်ယူမယ် လေကြောင်းလိုင်းအသင်း(Nigma)ကို မေ့ထားလို့လဲ မရပြန်ပါဘူး ။
ဒီနေ့မှာ တင်ဆက်ပေးချင်တဲ့ ပွဲလေးကတော့
ဆေးလိပ်(Secret)တွေကို ဖင်ဆီခံချွတ်တီးတဲ့ သားဖွားမီးယပ်တွေပဲဖြစ်ပါတယ်။ ကိုဆေးလိပ်တို့ဟာ TI မှာ အမြင့်ဆုံးအောင်မြင်မှုအဖြစ် တတိယနေရာရရှိခဲ့ပေမယ့် နောက် TI အတွက် လူစာရင်းတွေအပြောင်းအလဲ လုပ်ထားတာလဲ ဖြစ်ပါတယ်။
မနှစ်က ကိုမီးယပ်တို့တစ်သင်းလုံးရဲ့ ဘောကို ထမ်းခဲ့ရတဲ့ Sumail ကို Mid အနေနဲ့ ကစားဖို့ ဆေးလိပ်တို့အသင်းကခေါ်ယူခဲ့ပြီး ကလေးလူသတ်သမား Nisha ကို Carry role ပြောင်းဆော့စေခဲ့တာ ဖြစ်ပါတယ်။ ထွက်ခွာသွားတဲ့ Zai နေရာမှာ ကိုရေခဲတို့ဝင်ရောက်ကစားခဲ့ပေမယ့် Puppey ရဲ့ Next lvl draft တွေနဲ့ ကိုရေခဲတို့ ကားကြိတ်နေခဲ့တာပဲ ဖြစ်ပါတယ်။ ဒီပွဲမှာ ကိုမီးယပ်တို့ကို ကလေးအသင်းဆိုပြီး အထင်သေးနေတဲ့ ရွှေဦးနှောက်ပိုင်ရှင်ကြီးဟာ Sumail ကို Grim stroke နဲ့ Mid သွားခိုင်းပြီး သူကတော့ ပုရွက်ဆိတ်ကိုင်ပြီး ကိုမီးယပ်တို့ကို အလှူပေးနေခဲ့တာလဲ ဖြစ်ပါတယ်။ TI တည်းက သစ်ပင်ပေါ်က မဆင်းတော့တဲ့ Yapzor ဟာ ဒီပွဲမှာလဲ Monkey King ပဲ ကိုင်ခဲ့ရပြီး Wukhong Commend တောင်မဖွင့်နိုင်ပဲ အခါခါသေနေခဲ့တာဖြစ်ပါတယ်။ ထူးခြားတာကတော့ ကိုရေခဲရဲ့ အကြမ်းဆုံးဖြစ်ခဲ့တဲ့ Timbersaw ကို ကိုမီးယပ်တို့က ကိုင်ပြသွားခဲ့ပြီး ဆေးလိပ်တစ်သင်းလုံး နံပြားတွေအချပ်လိုက်စားနေခဲ့ရတာပဲ ဖြစ်ပါတယ်။
ကလေးအသင်းဆိုပေမယ့် လျော့တွက်လို့မရမှန်းသိသွားတဲ့ Puppey ကတော့ ဒုတိယပွဲမှာ ဆော့နေကျ Draft တွေနဲ့ ပွဲထုတ်ခဲ့ပေမယ့် နံပြားစားရတာအကြိုက်တွေ့သွားတဲ့ ကိုဆေးလိပ်တို့ဟာ ဒုတိယပွဲမှာလဲ အရိန္နမာလှံတွေကို ပြေးပြေးဝင်တိုက်နေခဲ့တာလဲ ဖြစ်ပါတယ်။
ဒီပွဲမှာ ကိုမီးယပ်တို့ဟာ အကောင်းဆုံးဆော့ပြသွားခဲ့ပြီးတော့ TI တုန်းက သူတို့ဆရာတွေကို Lower bracket ကိုပို့လိုက်တဲ့ ဆေးလိပ်အသင်းကိုလဲ ဖင်ဆီခံချွတ်ပီး တီးလိုက်နိုင်ပြီပဲ ဖြစ်ပါတယ်။ ရွှေဦးနှောက်ပိုင်ရှင် Puppey ကတော့ ဒီပွဲပီးပီးချင်းမှာ နေဝင်းရဲ့ ဘာများမှားလို့လဲ ဆိုတဲ့သီချင်းကို ဆိုနေခဲ့တာဖြစ်တယ်လို့လဲ ကြားသိရပါတယ်။
လူလဲထားတဲ့ liquid နဲ့ lower Division က တက်လာတဲ့ အသင်းလေးတို့ပွဲမှာလည်း လက်ရည်အသာနဲ့ ၂-၀ ပဲ ဖြစ်သွားခဲ့ပါတယ်။ သူ TI ရခဲ့တဲ့ အသင်း liquidကို ပြန်ေရာက်လာခဲ့တဲ့ matumbaman အနေနဲ့ ဘာတွေ ဆက်လုပ်ပြနိုင်မလဲ စောင့်ကြည့်ရမှာပါ။ secret ကနေ liquid ရောက်လာတဲ့ zai ကတော့ လက်စွမ်းပြနေဆဲပါ။
နောက်ထပ်ပွဲစဉ်ဖြစ်တဲ့ Alliance vs Tundra တို့မှာလည်း လက်ရည်အတော်လေး အပြတ်အသတ် ကွာပြီး Tundra က ၂-၀ နဲ့ နိုင်သွားပါတယ်။
TI အပြီး လူစာရင်းလဲထားခဲ့တဲ့ Allliance ဟာ လူစာရင်းနဲ့ အသားမကျသေးလို့ပဲလား မပြောတတ်။ အရင်နှစ်က အတိုင်းပဲ လူမလဲထားတဲ့ Tundra ရဲ့ ပုံမှန်ကစားကွက်တွေကိုတောင် မခံနိုင်ဘဲ ကျရှုံးခဲ့ပါတယ်။ နှစ်ပွဲလုံး same hero နဲ့ပဲ ပွွဲထွက်လာတဲ့ Tundra ကို handsken တစ်ယောက် နှစ်ပွဲစလုံး အဖြေရှာမရခဲ့ပုံပါပဲ။
Alliance အတွက်ကတော့ ခရီးကြမ်းပါပဲ။ ၄ရက်ေန့မှာ သူတို့နောက်ရင်ဆိုင်ရမှာက OG ကိုရှုံးပြီး သွေးဆူနေတဲ့ secret နဲ့ပါ။ လူစာရင်းလဲထားတဲ့ အသင်းချင်းချင်း ဘယ်သူပိုကြမ်းလဲ သိရတော့မှာပါ။ အရင်နှစ် DPC မှာ ရှယ်စွာခဲ့တဲ့ Alliance ဘဝ ပြန်ရောက်နိုင်မလား။ major တွေကို ရှယ်သိမ်းခဲ့တဲ့ secret mood ပဲ ပြန်ပေါ်လာမလား။ ၄ရက်နေ့မှာ စောင့်ကြည့်ကြပါစို့ဗျာ။
ဪ မေ့လို့ ....လူမလဲတဲ့ ပြောင်ကြီးတို့အသင်းနစ်ဂမာနဲ့ lower Divisionက တက်လာတဲ့ အသင်းလေးတို့ရဲ့ ပွဲလည်း ရှိသေးတယ်။ ပြောင်ကြီးတို့အတွက် စိတ်ပူစရာအနေထားတော့ မဟုတ်ပါဘူး။
အဆုံးထိဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်။
Done🐬
ReplyDeleteဘာတွေလဲ မသိဘူး
ReplyDeleteဆိုက်ကားသမားတွေ ပျော်တဲ့နေ😝😝🤭
ReplyDeleteClick နှိပ်ပွဲတွေနဲ့ငါတို့နေ့တွေကို ကုန်ဆုံးနေရဆဲ
ReplyDeleteDone
ReplyDelete😇
ReplyDeletedone
ReplyDelete“ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ ”
ReplyDelete*** ပြင်းပြသော ဆန္ဒ ဝီရိယနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ မအောင်မြင်တာ မရှိ ***
done
ReplyDeleteDone
ReplyDeleteနားမလည်ဘူး အဆုံးထိတော့ဖတ်တာပဲ
ReplyDeleteDone
ReplyDelete