Skip to main content

Posts

Showing posts from October, 2021

Man U 0 - 5 Liverpool

 ဒီနေ့ပွဲကိုနည်းစနစ်တွေအကြောင်းမပြောချင်တော့ဘူးဗျာ။ မြန်မာနိုင်ငံရဲ့အကောင်းဆုံးဆိုတဲ့ဘောလုံး page တွေကလည်းသူ့ထက်ငါအပြိုင် နည်းစနစ်တွေချပြသွားပြီးပြီဆိုတော့ ဖတ်ပြီးသွားလောက်ရောပေါ့။ ကစားသမားအရည်အသွေးမှာမကွာလှပေမယ့် နည်းပြနှစ်ယောက်ရဲ့အစွမ်းက မိုးနဲ့မြေလိုဖြစ်နေတာက ဒီရလဒ်ဆီဦးတည်ခဲ့တာပါပဲ။                   စိတ်ဓာတ် ၊ယုံကြည်မှုနဲ့ အသင်းလိုက်နားလည်မှုတွေအမြင့်ဆုံးရောက်နေတဲ့လီဗာပူးနဲ့ အဖက်ဖက်ကယိုယွင်းနေပြီး ဘယ်အသင်းသင်းလာလာဗိုလ်လုပွဲလိုကန်နေရတဲ့ ယူနိုက်တက်တို့တွေ့ချိန်မှာ ပရိသတ်တွေကအနိုင်ရလဒ်ကိုမမျှော်လင့်ခဲ့ပါဘူး။ ဒါပေမယ့်စံချိန်သစ်တွေတင်ပြီး အရှက်ကွဲရတဲ့ရလဒ်ကိုလည်းခွင့်လွှတ်ပေးနိုင်မှာမဟုတ်။                 ဂျာဂန်ကလော့ရဲ့လီဗာပူးဟာ သူတို့ရဲ့ပုံစံအတိုင်းအကောင်းဆုံးကစားနိုင်ခဲ့တယ်။ အထူးသဖြင့် မိုဆာလက်ပေါ့။ကလော့က ဆာလက်ဟာလက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားပါဆိုတော့ ရော်နယ်ဒိုနဲ့မက်ဆီပရိသတ်တွေက ငြိုငြင်ကြတယ်။ အခြားအသင်းပရိသတ်တွေက လှောင်ပြောင်ကြတယ်။ ဒါပေမယ့်လက်ရှိဘောလုံးလောကမှာတော့ ဆာလက်ရဲ့ခြေဖျားကို ဘယ်သူ့မှမမှီ...

Purple Crocus

  ဒီနေ့မှာ ပြောပြချင်တဲ့ ပန်းကလေးကတော့ Purple Crocus လေးပါ ချစ်ခြင်းမေတ္တာကို အရောင်နဲ့ ဖော်ပြလို့ရရင် အဲ့တာ ခရမ်းရောင်ပဲ ဖြစ်မှာပေါ့။ Crocus ပန်းလေးရဲ့ ဘာသာစကားက " မင်းရဲ့ အောင်မြင်မှုက ငါ သဘောအကျဆုံးပါ တဲ့။ Korean ဘာသာမှာတော့ ပျော်ရွှင်မှု၊ ငယ်ရွယ်နုပျိုမှုနဲ့ မျှော်လင့်ချက်တဲ့။ It symbolizes merriment, youthfulness, and hope.  Crocus ပန်းလေးတွေက နာမည် အများကြီး၊ အရောင်အများကြီးရှိတယ်။ Spanish လိုဆိုရင်တော့ azafran တဲ့။ အနီးစပ်ဆုံး အသံထွက်ရရင် အက်ဇာဖရန် ပေါ့။ Crocus, Fairy Lily, Autumn Zephyr Lily, Magic Lily, Rain Lily , Crocus Lily အစရှိသဖြင့်လည်း ခေါ်ကြတယ်။ မြန်မာလိုတော့ မိုးကြိုပန်း၊ နှင်းပန်း၊ မိုးသောက်ပန်း အမျိုးမျိုး ခေါ်ကြတယ်။ ဘယ်နေရာမှာမဆို ပေါက်ရောက်ရှင်သန်ပြီး ပွားလွယ်တယ်ဆိုပေမယ့် အအေးပိုင်းဒေသရဲ့ ဒေသပေါက်ပင်၊ အလေ့ကျပင်လေးတွေပါ။ တောင်ပေါ်မြို့ကလေးတွေမှာဆို မိုးကြိုပန်း ခရမ်းရောင်တွေဟာ မျက်စိရှေ့ တမျှော်တခေါ် အလှပဆုံး ပန်းချီကားတစ်ချပ်လို ပွင့်ကြတယ်။ ပုံမှန်ရာသီမှာဆို မြက်ပင်ကလေးတွေလို ပေါက်ရောက် ရှင်သန်ပြီး သူ့အချိန်ကျတဲ့အခါမှ အလှပဆုံး ဖူးပွင့်ကြတဲ့ ချစ်စရာကော...