Skip to main content

Posts

မင်းဒင်၏ သက်ခိုင်

မင်းဒင်ရဲ့သက်ခိုင် (သို့) ဗမာပြည်ရဲ့ အတ္တလောကကို အံတုခဲ့သူတစ်ယောက်အကြောင်း       Disclaimer အနေနဲ့ စာအုပ်က အတော်လေးတော့ ထူပါကြောင်း၊ သို့သော် ဖတ်ရတာအင်မတန်စိတ်ဝင်စားဖို့ကောင်းသလို ကျွန်တော်ဖတ်ခဲ့စဉ်ကဆိုလျှင် ၄ ရက်ဆက်တိုက်လောက် မချတမ်းဖတ်ခဲ့တာပါ။ သေချာတာကတော့ စဖတ်ကြည့်လိုက်ပါ၊ သင်စာအုပ်ကို လက်မလွှတ်တမ်း ဖတ်ချင်လာပါလိမ့်မယ်။       ဒီစာအုပ်မှာက ၁၉၆၂ ဖွား လူတစ်ယောက်ရဲ့ ဘဝအတွေ့အကြုံတွေကို အတ္ထုပ္ပတ္တိသဘောမျိုးရေးထားတာဖြစ်ပေမယ့် ယခင်စစ်အစိုးရများ လက်ထက်တွေမှာ ဖြစ်ခဲ့တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ ပျက်စီးယိုယွင်းနေတဲ့ အခြေအနေတွေကို ရှုထောင့်တစ်မျိုးကနေ မြင်တွေ့နိုင်မယ့် ခေတ်ပြကြေးမုံလို့တောင် သတ်မှတ်လို့ရပါတယ်။       အဓိကမြင်တွေ့ရမှာက ၁၉၉၈ ဝန်းကျင် ခေတ်ရဲ့ ပုံရိပ်တွေ၊ ၈၈ အရေးအခင်းအတွင်း ကျောင်းသား ပြည်သူလူထုကို ရက်စက်ဖိနှိပ်ခဲ့တဲ့ သမိုင်းတွေ၊ စစ်အစိုးရများရဲ့ အကွက်ကျကျစီမံခဲ့တဲ့ အာဏာသိမ်းဖြစ်စဉ်တွေ၊ ရှစ်လေးလုံးအရေးတော်ပုံအတွင်း အမျိုးမျိုးသောဖိနှိပ်မှုတွေကြောင့် လူမသေဘဲ ဘဝသေခဲ့ရတဲ့ လူတွေရဲ့အကြောင်းတွေ မျက်ဝါးထင်ထင်မြင်လာရမှာ...

Fantastic Beasts in Wizarding World - မှော်လောကရှိ သားရဲများကိုလေ့လာခြင်း(Part- 2)

Horned Serpent စာဖတ်သူတွေထဲမှာ အိမ်မွေးမြွေလေးတွေကို ချစ်တဲ့သူတွေရှိကြလားဗျ၊ ဒါဆိုရင်တော့ ဒီHorned Serpent က Exotic Animalတွေကို မွေးချင်ကြတဲ့သူတွေနဲ့ ကွက်တိဖြစ်မှာပါ။ တစ်ကိုယ်လုံးနက်မှောင်တောက်ပနေပြီး စူးရှတဲ့အပြာရောင်မျက်လုံးတွေရှိတဲ့ Horned Serpentတွေကို မြောက်အမေရိကတိုက် နဲ့ ဥရောပတိုက် အနောက်ပိုင်းတွေမှာ တွေ့ရနိုင်ပါတယ်။ မြောက်အမေရိကတိုက်ရဲ့ ရာဇဝင်များတွင် မြောက်အမေရိကတိုက် အရှေ့တောင်ပိုင်း သစ်တောမြေတွေနဲ့ ရေကန်ကြီးတွေမှာ သူတို့ကို တွေ့ရတယ်လို့ဖော်ပြထားပါတယ်။ သလင်းကျောက်လို စူးရှတောက်ပနေတဲ့ အကြေးခွံတွေ ရှိပြီး သူတို့တွေရဲ့နဖူးပေါ်မှာ သလင်းကျောက်တုံးချွန်လို ဂျိုတွေပါတယ်လို့ သိရပါတယ်။ ဒီဂျိုတွေကို အပြာ၊ အနီ၊ အဖြူနဲ့ အဝါရောင်အဖြစ် လေးမျိုးရှိတယ်လို့တွေ့ရပါတယ်။  ဂျိုတွေကို ရှေးခေတ်ဆေးပညာများတွင် အလွန်အသုံးဝင်တဲ့ ဆေးဖက်ဝင်ပစ္စည်းအဖြစ် အသုံးပြုကြပါတယ်။ ဒါအပြင် ဒီဂျိုတွေကို မှော်တောင်ဝှေးရဲ့ အူတိုင်အဖြစ်လည်း အသုံးပြုနိုင်ပါသေးတယ်။ သူတို့ရဲ့လုံးပတ်ဟာ အပင်ကြီးတစ်ပင်ရဲ့ ပင်စည်ပမာဏရှိပြီး သူတို့ရဲ့ခေါင်းပေါ်မှာ အစက်လေး ခုနစ်စက်ရှိပါတယ်။ ဒီအစက်လေးတွေထဲက ခုနစ်ခုမြောက်အစက်လေးရဲ့အောက်မှာ...

နွေဦးပုံပြင် - ကိုအောင်

 "မိုးလင်းစ မနက်ရဲ့အရုဏ်ချိန်မှာ  အိပ်မက်ကနိုးလာ အခန်းလေးထဲ မင်းမရှိပါ စမ်းချောင်းလေးဘေးက နာကျင်နေတဲ့ပန်းပွင့်လေးများကြွေကျ လေပြည်တွေထဲမှာ…" ဒီသံစဉ်လေးကိုတော့ အနုပညာနဲ့မစိမ်းတဲ့သူတွေ ညဘက်ဂစ်တာဝိုင်းတွေဆီမှာ ကြားဖူးကြမယ် ထင်ပါတယ်။ သိပ်လှတဲ့ကဗျာစာသားလေးတွေကို သီချင်းအဖြစ် ဖန်တီးထားသလိုခံစားရတဲ့ သိပ်ကိုနူးညံ့သိမ်မွေ့တဲ့ သီချင်းလေးတစ်ပုဒ်ပါပဲ။ သူ့နာမည်လေးကတော့ "နွေဦးပုံပြင်" တဲ့။      မိုးစက်လေးတွေတဖြောက်ဖြောက်ရွာသွန်းနေတဲ့အချိန်မှာပဲဖြစ်စေ၊ အေးမြမြဆောင်းညလယ်တွေမှာပဲဖြစ်စေ နားထောင်လိုက်တိုင်း နွေဦးပေါက်ရဲ့အစကိုရောက်ရှိသွားပြီး သစ်ရွက်ကြွေတွေကိုငေးရင်း တစ်စုံတစ်ရာကို လွမ်းမောရတဲ့ ခံစားချက်တစ်ခုကို ရရှိစေတဲ့သီချင်းတစ်ပုဒ်ပါပဲ။ယောက်ျားလေးတွေဂစ်တာဝိုင်းမှာတော့ သံပြိုင်သီဆိုကြရင်း ဆွေးရတာပေါ့လေ။      ဒီလိုလှပတဲ့ သီချင်းလေးတစ်ပုဒ်ကို ဖန်တီးခဲ့သူကတော့ တေးရေး၊တေးဆို ကိုအောင် ပဲ ဖြစ်ပါတယ်။ကြယ်ပြာလေးနဲ့ဝေးတဲ့နောက်၊ ကြယ်တွေစုံတဲ့ည၊ အရင်ကဇာတ်လမ်းလေး စတဲ့ နာမည်ကြီးသီချင်းများစွာကို ဖန်တီးခဲ့သူဆိုရင်လည်း မမှားပါဘူး။ ကဲ… clickလည်းနှိပ်ရင်း သိပ်ချစ်စရာကောင်းသလိုလွမ်း...

စမ်းချောင်း အင်းစိန် ဟားဗတ် - မသီတာ(စမ်းချောင်း)

ဒီစာအုပ်က စာရေးဆရာမ မသီတာ(စမ်းချောင်း) ရဲ့ ထောင်တွင်းအတွေ့အကြုံစာအုပ်ပါ။ ၈၈၈၈ အရေးတော်ပုံကြီး စတင်ဖြစ်ပေါ်လာပုံအပြင် ကျောင်းသူဘဝနဲ့ သူမ မည်သို့ပါဝင်ခဲ့ပုံတွေ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ရဲ့ ကနဦးကာလတွေမှာ ပါဝင်ဆောင်ရွက်ခဲ့ပုံတွေကို စာအုပ်ထဲမှာ ဖတ်ရှုရမှာဖြစ်ပါတယ်။ ဒါ့အပြင် ပါတီရဲ့စည်းရုံးရေးခရီးစဥ်များအကြောင်းနှင့် ခရီးစဥ်တစ်လျှောက်တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေကိုလည်း စိတ်ဝင်စားဖွယ် ရေးသားထားတာဖြစ်ပါတယ်။ မတရားသဖြင့်အမှုဆင်ခံရပြီးနောက် အင်းစိန်ထောင်မှာ အကျဥ်းချခံရသော်လည်း ထောင်အတွင်း အဆင်ပြေအောင် တွေးတောကြံဆနေထိုင်ရပုံတွေ ၊ထောင်တွင်းဝန်ထမ်းတွေနဲ့ အကျဥ်းသားတွေအကြောင်း ၊ ထောင်တွင်းမှာကျန်းမာရေးဆိုးရွားခဲ့ရသဖြင့် ဆေးကုသခွင့်ရအောင် ကြိုးစားရပုံတွေ အပြင် ထောင်ကျနေစဥ် အတွင်း တစ်နေ့ကို နာရီ ၂၀နီးပါး တရားအားထုတ်ခဲ့ပုံတွေပါ ဖတ်ရှုရမှာပါ။ ဒီစာအုပ်ထဲမှာ လွန်ခဲ့တဲ့ နှစ် ၂၀ က ကမ္ဘာ့သတင်းတွေ အိမ်နီးချင်းနိုင်ငံတွေရဲ့ သတင်းတွေကိုပါ မြန်မာ့နိုင်ငံရေးဖြစ်စဥ်တွေကြားမှာ အချိန်နဲ့တကွ ဖော်ပြသွားပါသေးတယ်။ ဒါကို ဆရာကြီးဟံသာဝတီဦးဝင်းတင်က "ပေါင်မုန့်ညိုမာကြားမှာ အဆီတစ်ထပ်  ၊ အသားတစ်ထပ် ၊...

၂၁ ရာစု ပရီးမီးယားလိဂ်ရပ်ဝန်းမှ မိတ်ဆွေဟောင်းများ (၁)

            အခုနောက်ပိုင်း ပရီးမီးယားလိဂ်မှာ New Castle အသင်းရုန်းကန်နေရတာတွေ့တော့ တစ်ချိန်က ပြိုင်ဆိုင်မှုပြင်းထန်လွန်းတဲ့ Tyne & Wear ဒါဘီပြိုင်ဘက်ကြီး  ဆန်းဒါးလန်း( Sunderland) ရော ဘယ်ဆီများရောက်နေပြီလဲလို့တွေးမိလိုက်တယ်။ အသည်းအသန်သွားရှာကြည့်တော့မှ ဆရာသမားတွေက အင်္ဂလန်ရဲ့တတိယတန်းလိဂ်ဖြစ်တဲ့ League one တောင်ရောက်နေပါရောဗျို့။ ဒီတစ်ပတ်တော့ အနီစင်းကြားဂျာစီနဲ့ ကျွန်တော်တို့ရင်းနှီးခဲ့တဲ့ ကြောင်နက်တွေရဲ့အကြောင်း တစ်ခေါက်လောက်ပြန်ပြောကြရအောင်ပါ။                    ကြောင်နက်တွေလို့နာမည်ပြောင်ပေးထားတဲ့ ဆန်းဒါးလန်းအသင်းဟာ ၁၈၇၉ ခုနှစ်ထဲကစတင်တည်ထောင်ခဲ့တာမို့လို့ အခုဆိုရင် ၁၄၂ နှစ်သက်တမ်းရှိပါပြီ။ အင်္ဂလန်အမှတ်ပေးဖလား(ယခုပရီးမီးယားလိဂ်ဖလား) ကို ၆ကြိမ်ရရှိခဲ့ဖူးပြီး FA cup ၂ကြိမ်ပိုင်ဆိုင်ထားတဲ့အသင်းလည်းဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်မှာ ပရီးမီးယားလိဂ်ကိုတန်းပြန်တက်လာပြီးနောက် ပထမဆုံးရာသီမှာတင်ခြေစွမ်းပြကာ အဆင့် ၇ နဲ့သိမ်းနိုင်ခဲ့ပါတယ်။ အဓိကတိုက်စစ်မှ...

ဆွဲအား - မာရဇ္ဇ

အဆိုတော် မာရဇ္ဇရဲ့ vocal ကောင်းကောင်းနဲ့ ရင်ထဲနှလုံးသားထဲထိ ငြိသွားစေမယ့် စာသားတွေနဲ့၊အထက်တန်းကျောင်းသားဘဝကတည်းက အခုထိ ကြိုက်မိနေဆဲ သီချင်းလေးပေါ့။

နယူတန်ရဲ့ ဒြပ်ဆွဲအားနိယာမ နဲ့ အိုင်းစတိုင်းပြောတဲ့ Gravity

 နယူတန်ရဲ့ ဒြပ်ဆွဲအားနိယာမ နဲ့ အိုင်းစတိုင်းပြောတဲ့ Gravity ဘယ်လိုတွေ ကွာခြားနေသလဲ နယူတန်ရဲ့ ဒြပ်ဆွဲအားနိယာမ       နယူတန်ရဲ့ နိယာမအရဆိုရင် စကြဝဠာထဲက ဒြပ်ထု(mass)ရှိတဲ့ ဘယ်အရာဝတ္ထုတွေမဆို တစ်ခုအပေါ် တစ်ခု ဆွဲငင်အား သက်ရောက်နေကြတယ်။ ဥပမာ နေနဲ့ ကမ္ဘာအကြား၊ ကမ္ဘာနဲ့လအကြား တစ်ခုကိုတစ်ခု ဆွဲအားတွေ သက်ရောက်နေကြတယ်ပေါ့။ ခုစာဖတ်သူဟာလည်း ဒြပ်ထုရှိတဲ့  object ဖြစ်တာကြောင့် စာဖတ်သူနဲ့ ကမ္ဘာရဲ့ကြား၊ နောက်ပြီး စာဖတ်သူနဲ့ လ ရဲ့ကြားမှာ ဆွဲအားတွေ သက်ရောက်နေတယ်ပေါ့။ သူ့ရဲ့ နိယာမ အရဆိုရင် ဒြပ်ဆွဲအား (gravitational force) ဟာ အကွာအဝေး အတိုင်းအဆမရှိ သက်ရောက်နိုင်တယ်။ ဒါပေမယ့် အရာဝတ္ထု နှစ်ခုကြား ပိုပြီးကွာဝေး လာတာနဲ့အမျှ သူ့တို့ကြားက ဒြပ်ဆွဲအားဟာလည်း အားပျော့လာမှာဖြစ်ပါတယ်။ နောက်ထပ်တစ်ခုရှိတာက ဒြပ်ထုပမာဏ ကြီးမားတဲ့ အရာဝတ္ထုတွေရဲ့ကြားမှာ ပိုပြီးအားကောင်းတဲ့ ဆွဲငင်အားသက်ရောက်ကြပါတယ်။ သတိချပ်စရာက အရာဝတ္ထုနှစ်ခုကြားဆွဲငင်အားသက်ရောက်ဖို့ဆိုတာ အရာဝတ္ထု နှစ်ခုလုံးမှာ ဒြပ်ထု ရှိနေဖို့လိုပါတယ်။ တစ်ခုဟာ ဒြပ်ထု ဘယ်လောက်ပဲ ကြီးမားပါစေ ကျန်တစ်ခုမှာ ဒြပ်ထု လုံးဝမရှိရင် ထိုနှစ်ခုကြား ဆွ...