မင်္ဂလာပါခင်ဗျာ။ ဒီတစ်ခေါက်မှာတော့ Creative ဖြစ်ချင်တဲ့လူငယ်တွေ၊ Graphic Design ကို စိတ်ဝင်စားလို့ စမ်းကြည့်ချင်တဲ့ Beginner တွေ၊ Content Creator တွေ၊ ဆရာဆရာမတွေနဲ့ marketingသမားတွေအတွက် အတွက် Canva Application နဲ့ website ကို မိတ်ဆက်ပေးချင်ပါတယ်။ (Canva ကို mobile application အနေနဲ့သာမက နှစ်သက်ရာ browserတစ်ခုခု၏ www.canva.com တွင်လည်း log in ဝင်ရောက် အသုံးပြုနို င်ပါတယ်။) Post ရဲ့ အဆုံးမှာ Canva pro တစ်လစာကို လက်ဆောင် ပေးထားမှာမို့ အဆုံးထိဖတ်ပြီး Pro account တစ်လစာကို ရယူနိုင်ပါတယ်ခင်ဗျာ။ Canva ဆိုတာဘာလဲ။ Canva ဆိုတာ ခေတ်မီပြီး လှပတဲ့ Social media posts and storiesတွေ၊ Business card, flyers,logo, invitation နှင့် ဆရာဆရာမများအတွက် lesson plan များအစရှိတဲ့ digital design တွေကို ဖန်တီးနိုင်တဲ့ Free graphic design platform တစ်ခုပဲဖြစ်ပါတယ်။ Canvaကို ဘယ်လိုလူတွေ အသုံးပြုသင့်လဲ။ Canva ကို Graphic designer တွေ၊ Content Creator တွေ၊ ဆရာ/ ဆရာမတွေ၊ကျောင်းသား/သူ တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ နဲ့ အခြားသော graphic designကို အသုံးပြုလိုသည့် မည်သူမဆို ...