Skip to main content

Posts

Showing posts from September, 2021

Tasty foods in Magway

Photo crd to owner🙇‍♀️        ကျွန်တော်ကတော့ မကွေးမြို့မှာ ကျောင်းတက်နေရတဲ့ တက္ကသိုလ်ကျောင်းသားပီပီ ပြီးတော့ အစားအသောက်လည်းမက်တဲ့သူဆိုတော့ မြို့ထဲရှိသမျှ ဆိုင်တိုင်းလိိုလိုမှာ သွားဝါးတီးဆွဲဖြစ်ပါတယ်။ ကျွန်တော် ဝါးတီးဆွဲဖြစ်ခဲ့တဲ့ ဆိုင်တွေထဲမှာမှ ကျွန်တော့်အမြင်အရ အရသာရှိလှတဲ့၊ သွားဝါးတီးဆွဲသင့်တဲ့ ဆိုင်အချို့ကို foodieသူငယ်ချင်းတို့ကို ဝေမျှပေးလိုက်ပါတယ်နော်။ 😋 Smile B.B.Q & Hot Pot - စားဖူးသမျှ B.B.Qဆိုင်တွေထဲမှာ ကျွန်တော့်အမြင်မှာတော့ သန့်ရှင်းလတ်ဆတ်မှုရော၊ အရသာရော၊ စျေးနှုန်းရော၊ ဝန်ဆောင်မှုရော အသင့်တော်ဆုံး၊ အကောင်းဆုံးလို့ မြင်ပါတယ်ဗျ။ လိပ်စာကတော့ "ခွာညိုလမ်း (၁၅)လမ်းထောင့် ၊အထက၁လမ်းနှင့်ပြည်တော်သာလမ်းအတွင်း" မှာပါ။ 😋 Thu's Tasty - ကျွန်တော်တို့ လူငယ်တွေအကြိုက် မာလာရှမ်းကော၊ ပင်လယ်စာမျိုးစုံ၊ အကင်၊ အအေးစတဲ့ စားစရာအမယ်စုံလင်စွာကို တစ်နေရာထဲမှာ ဝါးတီးဆွဲနိုင်မယ့် ဆိုင်လေးပါ။ လိပ်စာကတော့ "ကမ်းနားလမ်း" ပေါ်မှာပါ။ 😋 Yoe Shin Cafe - " ရိုးရှင်း" ဆိုတဲ့ ဆိုင်နာမည်အတိုင်းပါပဲ ဆိုင်အပြင်အဆင်မှာ ရိုးရှင်းကျက်သရေရှိလှပြီး ကော်ဖီ၊ အအေး၊ မုန့်နဲ့ ဟင်းလ...

Language Learning Tips

  How to improve your understanding of a language အခုရက်ပိုင်း အားနေကြတော့ ဘာသာစကားအသစ် လေ့လာနေကြတဲ့သူတွေများလာကြတယ်။ အဲ့တော့ ဘာသာစကားတစ်ခုကို လွယ်လွယ်ကူကူနဲ့ လက်တွေ့ကျကျ ဘယ်လိုလေ့လာမလဲဆိုတာကို ပြောပြပေးမှာဖြစ်ပါတယ်။ မပြောပြခင် လေ့လာနေခြင်းရဲ့ ရည်ရွယ်ချက်ကို အရင်သိရပါမယ်။ စာမေးပွဲဖြေဖို့လား၊ ဒီတိုင်းအဲ့ဘာသာစကားကို ကြိုက်လို့ နားလည်ချင်လို့လား။ အခုပြောပြမယ့်နည်းကတော့ ဒုတိယတစ်ခုဖြစ်တဲ့ ကိုယ်တိုင်အဲ့ဘာသာကို စိတ်ဝင်စားပြီး နားလည်ချင်တဲ့သူကို ပိုဦးတည်ပါတယ်။ ဒါပေမယ့် ကျောင်းစာ သို့မဟုတ် scholarship ဖြေဖို့ လေ့လာနေတဲ့သူတွေလည်း‌ အောက်ပါအချက်များကို အသုံးပြုနိုင်ပါတယ်။ ပထမဆုံးသိသင့်တဲ့အချက်တစ်ခုကတော့ ဘာသာစကားဆိုတာ အချင်းချင်းနားလည်ဖို့ အသုံးပြုတဲ့ ကိရိယာတစ်ခုလို့ သတ်မှတ်ရပါမယ်။ တစ်ချို့သူတွေက ဘာသာစကားအသစ် လေ့လာတဲ့အခါမှာ အရေးနဲ့ အပြောမှာ ရေးရပြောရမှာကို ကြောက်တတ်ကြတယ်။ ကိုယ်ဒီဘာသာမှာ သိပ်မကျွမ်းကျင်သေးတော့ မှားသွားရင် ဘယ်လိုလုပ်မလဲ ဆိုပြီး တွေးပြီး စိတ်ပူတတ်ကြတယ်။ အဲ့တော့ပြောချင်တာက စစလေ့လာတဲ့အချိန်မှာ သဒ္ဒါတွေ ဝါကျဖွဲ့နည်းတွေကို သိပ်ဂရုမစိုက်သေးပဲ အဓိကကျတဲ့ စကားလုံးတွေကို အရင်လေ့လာခြင်း...

လမ်းခွဲပြီးတဲ့နောက်

  လမ်းခွဲပြီးတဲ့အခါ မိန်းကလေးတွေ ဘာလို့ ပိုလှလာကြတာလဲ? ဒီ Topic လေးကိုတော့ ယောက်ျားလေးတော်တော်များများ သိချင်နေကြမယ်လို့ ထင်ပါတယ်။ ကိုယ့်ကောင်မလေးက ကိုယ်နဲ့တွဲနေတုန်းထက် ကိုယ်နဲ့လမ်းခွဲပြီးသွားတဲ့အချိန်မှ ဘာလို့အရင်ကထက်ပို ပိုလှလာရလဲပေါ့လေ။ တကယ်တော့ မိန်းကလေးတိုင်းမှာ ပင်ကိုအလှကိုယ်စီ ရှိကြပြီးသားပါ။ ဒါပေမယ့် မိန်းကလေးတွေဟာ များသောအားဖြင့် relationshipတစ်ခုရှိနေတဲ့ချိန်မှာ ကိုယ့်ကိုယ်ကို လှအောင်နေဖို့ ပြုပြင်လေ့ သိပ်မရှိကြတော့ပါဘူး။ "ကိုယ့်ကောင်လေးရဲ့ မျက်လုံးထဲမှာ ငါကတော့ ဘယ်လိုနေနေလှနေမှာပါပဲ ငါ့ကိုသူချစ်တာမို့ ငါထူးပြီးအလှအပပြင်နေဖို့ရာ မလိုလောက်ပါဘူး" စသဖြင့် တွေးလေ့ရှိကြပါတယ်။ အဲ့ဒီမှာပဲ မျက်နှာပြောင်နဲ့ ဖိုသီဖတ်သီအဝတ်တွေ ဝတ်ပြီး ကောင်လေးနဲ့ date သွားလုပ်တာတွေ ရှိလာ‌တာပေါ့လေ။ အဲ ဒီလိုနဲ့ အကြောင်းမတိုက်ဆိုင်လို့ လမ်းခွဲကြရတဲ့အခါ အထူးသဖြင့် ကောင်လေးဆီမှာ တတိယလူ ပေါ်လာတာမျိုးကြောင့် လမ်းခွဲရတဲ့ အခါမျိုးမှာဆို မိန်းကလေးတွေက လုံလုံလောက်လောက် အသည်းကွဲပြီးတဲ့အခါ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ စတင်လုပ်ဆောင်လာကြပါတော့တယ်။ (ဒါတော့ လမ်းခွဲသွားတဲ့ကောင်လေး မခံချိမခံသာဖြစ်အောင် လုပ်ခ...

ဘာတွေ ဖြစ်ကုန်ကြပြီလဲ - မင်းလူ

  ဘာတွေဖြစ်ကုန်ကြပြီလဲ  မင်းလူ ဘာတွေဖြစ်ကုန်ကြပြီလဲ ကဗျာများသည် ၁၉၈၈-၉၀ ခုနှစ်များက စစ်အစိုးရ (သူတို့အခေါ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) ၏ ကမောက်ကမ အလွဲများကို သရော်ထားသော ကဗျာများဖြစ်သည်။ ဆရာမင်းလူ၏ ထိမိသော သရော်ချက်များ၊ဗြောင်ကျကျ ဝေဖန်ချက်များကြောင့် ဤကမျာများသည် ပြည်သူလူထုအကြား ပျံ့နှံ့ခဲ့ပြီး တစ်ဖက်အဖွဲ့အစည်းများကိုလဲ မခံမရပ်နိုင်ဖြစ်စေခဲ့သည်။ ဘာတွေဖြစ်ကုန်ကြပြီလဲ ၁ ကို ဗိုလ်ချုပ်မှူးကြီးစောမောင်၏ သတင်းစာရှင်းလင်းပွဲ အပြီးတွင်လည်းကောင်း၊ ၂ ကို ၁၉၈၉တွင် အာဇာနည်နေ့အခမ်းအနားကြောင့် ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်ချအပြီးတွင်လည်းကောင်း ၊အမှတ် ၃ကို ရှစ်လေးလုံး နှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့တွင်လည်းကောင်း အသီးသီး ထုတ်ဝေခဲ့ကြသည်။ ဘာတွေဖြစ်ကုန်ကြပြီလဲ ၄ ကို ၁၉၉၀ စက်တင်ဘာ ၁၈ (စစ်အာဏာသိမ်းခြင်းနှစ်ပတ်လည်နေ့)တွင် ထုတ်ဝေရန် ရည်ရွယ်ခဲ့သော်လည်း စက်တင်ဘာ ၁၅ တွင် ဆရာမင်းလူ နှင့် ထုတ်ဝေဖြန့်ချီသူများ မတရားဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။ ဘာတွေဖြစ်ကုန်ကြပြီလဲ ကဗျာရေးသားထုတ်ဝေမှုအတွက် ဆရာမင်းလူ၊ထုတ်ဝေသူ ဆရာမျိုးမြင့်ညိမ်း နှင့် သုံးရောင်ခြယ် ကျောင်းသားခေါင်းဆောင် ကိုစိန်လှိ...

Water Making Charms

            ပထမဆုံးပြောပြချင်တဲ့ Charm ကတော့ Aqua Eructo ဆိုတဲ့ Charmပဲဖြစ်ပါတယ်။ အသုံးပြုရတာလဲ လွယ်ကူတယ်ဗျ၊ သူ့ရဲ့Charmနာမည်ကို တိတိကျကျမှန်အောင်ရွတ်ပြီး wandကို ကိုယ်ရေပက်ချင်တဲ့ နေရာတစ်နေရာကို ညွှန်လိုက်ရုံပါပဲ။ ကိုယ့်ရဲ့မှော်စွမ်းအားကြီးရင် ကြီးသလို အရှိန်ပြင်းပြင်းနဲ့ ရေတွေတောက်လျှောက်ထွက်လာမှာပါ။ ဒီCharm က ထွက်တဲ့ရေဟာ မှော်စွမ်းအားရှိတဲ့အပြင် အားတော်တော်ပြင်းတာကြောင့် နဂါးမီးကိုတောင် ငြှိမ်းနိုင်ပါတယ်ဗျ။       ဒါ့အပြင် သူဟာ Fire Dwelling Salamandar တွေနဲ့ Blast-Ended Skrewt တို့လို ကိုယ်ထဲကနေ မီးတောက်တွေထုတ်နိုင်တဲ့ အကောင်တွေကိုလည်း နှိမ်နှင်းနိုင်ပါတယ်။ Aqua Eructoလိုမျိုး မီးတောက်ထုတ်နိုင်တဲ့ အကောင်တွေကို နှိမ်နင်းနိုင်တဲ့ Jinxတစ်ခုရှိပါသေးတယ်ဗျ။ သူကတော့ Ebublioလို့ခေါ်တဲ့ Jinxပါ။ ဒီJinxဟာ Targetကို အလွန်ကြီးမားတဲ့ ရေပူဖောင်းတစ်လုံးနဲ့ အလုံပိတ်လိုက်မှာဖြစ်ပါတယ်ဗျ။          ဒီရေပူဖောင်းကို ဘယ်လောက်သန်မာတဲ့အားနဲ့ဖြစ်စေ ကွဲပေါက်အောင် လုပ်လို့ မရနိုင်ပါဘူး။  ဒါကြောင့်မို့ ဒီJinxဟာ Trollsတွေ Gnomesတွေလို ...

Arsenal Vs Spur (After match Review)

NLD ဒါဘီလို့ ပြောသာပြောရတာ ခပ်လန့်လန့်။ အမှန်က North London Derby လို့ ပြောချင်တာဗျာ။ ကျုပ်တို့ မြန်မာမှာတော့ ပြိုင်ဆိုင်မှုပြင်းထန်တယ်ဆို မန်ယူနဲ့ချယ်ဆီး ၊ မန်ယူနဲ့အာဆင်နယ်မှာလောက် သဘောထားကြတာမလား။ အင်္ဂလန်မှာတော့ စပါးနဲ့ အာဆင်နယ်ရဲ့ NLD derby က တော်တော်ကို ပြိုင်ဆိုင်မှုပြင်းထန်တာပါ။ စပါးပရိသတ်တွေ နေတာများတဲ့ ရပ်ကွက်ထဲ အာဆင်နယ်ဂျာစီဝတ်ပြီး ရဲရဲဖြတ်မလျှောက်ရဲလောက်အောင်ပါပဲ။ အာဆင်နယ်ရဲ့ ဂန္ဒဝင်ကစားသမားဟောင်း၊လက်ရှိ Crystal palace အသင်းနည်းပြ Patrick Viera ကြီး အင်္ဂလိပ်စကားပြောတတ်ခါစက မင်းသိတဲ့တစ်လုံး ပြောပြကွာဆိုတော့ ပြောလိုက်တာက " Spurs is shit " တဲ့လေ။ အချစ်တော် Mesut Ozil တောက်ပချိန်တုန်းက စပါးမှာ ကစားမလား၊ ကစားသမားဘဝက အနားယူမလားဆိုပြီး media တစ်ခုက မေးလာတော့ "သိပ်လွယ်တဲ့ မေးခွန်းပဲကွာ၊ အနားပဲယူလိုက်မှာပေါ့" လို့ ဖြေခဲ့လို့ ဘယ်လောက်ပြိုင်ဆိုင်မှုပြင်းထန်မှန်း သိသာပါတယ်။                    ဒီနေ့ပွဲမှာတော့ စပါးတောင်ပံကစားသမား ဆွန်ဟောင်မင်ရဲ့ သူငယ်ချင်းဖြစ်တဲ့ ကိုရီးယားနာမည်ကျော်မင်းသား ပတ်စောဂျွန်း ၊ အာဆင်နယ်ကို လက်လွှဲဝယ်ယူချင်နေတဲ့...

Story

  မခင်ဆွေ တစ်ယောက် သူ့ထရံကာအိမ်လေးထဲကနေ တိုင်ထောင်ပြီး သွပ်မိုးထားတဲ့ ပေသုံးဆယ် ပတ်လည် မတ်မိုးလေးကို ကြည်နူးစွာကြည့်နေတယ်။ ကြည်နူးရမှာပေါ့ ဒီဟာလေးဆောက်ဖို့ကို သူ့မှာ ဘယ်လောက်ကြိုးစားရလဲ။ဆယ်နှစ်ရှင့် ဆယ်နှစ် ။ ဒါတောင် အပျိုကြီးလည်းဖြစ် ချွေချွေတာတာလည်း သုံးတတ်လို့ရယ်။ အမရဲ့ သမီး တူမလေးတစ်ယောက်တော့ အတူနေတာ ရှိပါရဲ့။အစ်မက လွန်ခဲ့တဲ့ သုံးနှစ်က ဆုံးသွားတော့ တစ်ကောင်ကြွက် ဖြစ်နေတဲ့ တူမလေးကို သနားတာရယ် ပြီးတော့ ကိုယ်လည်း အဖော်ရတာပေါ့ ဆိုပြီး ခေါ်ထားလိုက်တာ။         "လေးလေး ဂျွန်ဆော ကား လာပြီ မြန်မြန်လာ "        "အေးအေး လာပြီ "      မခင်ဆွေ တစ်ယောက် သူ့မတ်မိုးအိမ်လေးပေါ်မှ မျက်စိခွာကာ ဂျွန်ဆော ဆီသို့ အပြေးတပိုင်း သွားပါတော့တယ်။        ကြည့်နေရင်း တချက်ချက် သူ့မတ်မိုးခေါင်မိုးပေါ်ကို တခုခုနဲ့ လှမ်းပစ်တဲ့ အသံ သဲ့သဲ့ကြားရတယ်။ ဒီလိုပဲ ဟိုဘက်လမ်းက အမူးသမားသောင်းဌေး လက်သရမ်းတာပဲ ထင်ပြီး ထမကြည့်ဘူး။ ဂျွန်ဆောကားက ကောင်းတာလည်း ပါတာပေါ့။          တူအရီးနှစ်ယောက် ရေကိုထမသောက်နိုင်ပဲ Tv ရှေ့က မခွာက...

You Broke Me First

 ဒီသီချင်းလေးကတော့ ကိုယ့်ကို လိုမှသုံးပြီး အလေးမထားခဲ့တဲ့သူက ကိုယ့်ဆီနောက်တစ်ခေါက် ပြန်လာချင်တဲ့အခါ လုံလုံလောက်လောက် ခံစားခဲ့ရပြီးပြီမို့လို့ လက်မခံတော့ဘူး ဆိုတဲ့အကြောင်းလေးပါ။ မင်းဘယ်လောက်နာကျင်နာကျင် ဂရုမစိုက်တော့ဘူး ဘာလို့ဆို မင်းငါ့ကိုအရင်ဖြတ်ခဲ့တာလေ ဆိုပြီး Tate McRae က သူ့အသံအေးအေးလေးနဲ့ လိုက်ဖက်အောင် သီဆိုထားပါတယ် သီချင်းကောင်းလေးမို့ နားထောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်ရှင်~~
ကမ္ဘာပေါ်မှာ ရှိတဲ့ ထူးဆန်းတဲ့ တိုက်ကြီးတစ်ခုအကြောင်း (Part 1) Hello Clickers လေးတို့ရေ ဒီနေ့ Admin ပြောပြပေးသွားမှာကတော့ ကမ္ဘာပေါ်မှာ ရှိတဲ့ ထူးဆန်းတဲ့ တိုက်ကြီးတစ်ခုဖြစ်တဲ့ အန္တာတိကတိုက်အကြောင်းပဲ ဖြစ်ပါတယ်။ Adminအတွက်တော့ Antartica ဟာ အရမ်းအံ့ဩဖွယ်ကောင်းပြီး အန္တရာယ်လည်း များတယ်လို့ထင်ပါတယ်။ ဘာကြောင့်လဲဆိုတာ သိချင်ရင် ဆက်ဖတ်ပေးနော်။ #စာနဲ့အတူ ပုံလေးတွေပါ တခါတည်း သေချာကြည့်ပေးပါနော်။ ဒါမှ ပိုမြင်လာမှာမလို့ပါ။   အန္တာတိကတိုက်ဟာ ကမ္ဘာ့ တောင်ဘက်ဆုံးတိုက်ဖြစ်ပြီး တောင်ဝင်ရိုးစွန်းတည်ရှိရာနေရာလည်း ဖြစ်ပါတယ်။ ဧရိယာ စတုရန်းမိုင်ပေါင်းက  5.4 သန်း  ကျယ်ဝန်းပြီး အာရှ၊ အာဖရိက၊ မြောက်အမေရိက၊ တောင်အမေရိကတိုက်တို့ ပြီးရင် ပဉ္စမမြောက် အကြီးဆုံးတိုက် ဖြစ်ပါတယ်။ တိုက်ရဲ့ 98% ကို ရေခဲပြင်တွေနဲ့ ဖုံးလွှမ်းထားကာ အရွယ်အစားက ဩစတေးလျတိုက်ရဲ့ နှစ်ဆရှိပါတယ်။(ရေခဲထု အထူ- average 1.2 mile) ကျန်တဲ့ 2% ကကျ ရေညှိုပင်တွေ မှော်ပင်တွေ ပေါက်နေတာပါ။ ရေခဲကန္တာရ ဖြစ်လို့လည်း  သစ်ပင်ကြီးတွေ၊ချုံပင်တွေလည်း မရှိဘဲ ပန်းပွင့်တဲ့ အပင်တောင် နှစ်မျိုးပဲရှိပါတယ်။ ပုံထဲက တချို့က Non-flowering တွေပါ။ အကယ်၍...

Aurora

ဒီနေ့ပြောပြမယ့် အကြောင်းအရာကတော့ ကျွန်တော်တို့တွေ မြင်ဖူး ကြားဖူးပြီးသားအရာတစ်ခုပါ။ သို့ပေမဲ့ ဘယ်လိုခေါ်လဲ၊ ဘယ်မှာတွေ့နိုင်လဲ၊ ဘာကြောင့် ဖြစ်လာတာလဲဆိုတဲ့ မေးခွန်းတွေကိုတော့ အကုန်လုံးဖြေနိုင်မယ့်သူ ရှားမယ်ထင်ပါတယ်။ ကာတွန်း​ဇာတ်လမ်းတွေ၊ Wallpaperတွေတို့၊ Sunlight သိပ်မပါတဲ့ ရှုခင်းပုံတွေမှာဆိုရင် ကောင်းကင်မှာ အစိမ်းရောင်အလင်းတန်းကွေ့ကွေ့ကောက်ကောက်ကြီးတွေကို မြင်ဖူးကြမှာပါ။ အဲ့ဒီအလင်းတန်းကြီးကို ခေါ်ဝေါ်ပုံတွေကတော့ အမျိူးမျိူးရှိပါတယ် Aurora, Polar lights, ကမ္ဘာ့မြောက်ခြမ်းမှာ တွေ့ရင် Aurora borealis, Northern lights, တောင်ခြမ်းမှာဆိုရင် Southern lights, Aurora australis စသဖြင့် နာမည်တွေကတော့ အများကြီးပေါ့။ ကျွန်တော်တို့မြန်မာလူမျိူးတွေကတော့ ဥတ္တရအလင်းတန်းဆိုပြီး ခေါ်ကြတယ်။ကျွန်တော်လောင်းရဲပါတယ် ဒီအလင်းတန်းကြီးကို မျက်စိနဲ့ကိုယ်တိုင်ကိုယ်ကျ မမြင်ချင်တဲ့သူက ၁၀၀မှာ ၁ယောက်ပဲ ရှိပါလိမ့်မယ်၊ အဲ့တစ်ယောက်တောင် အမြင်အာရုံချိူ့တဲ့လို့ လက်လျော့လိုက်တာမျိူးပေါ့။ ဒီအလင်းတန်းကြီးတွေက လူတွေ ဖန်တီးထားတာလား။ သဘာဝအတိုင်းပဲ ဖြစ်နေတာလား။ အံ့ဩစရာကောင်းလောက်အောင်ကို လူတွေ ဖန်တီးထားတဲ့အရာ တစ်ခုမှ မပါပဲ သဘာ...

Crush Quotes

  Hey!!! ယူတို့crushတွေနဲ့ အဆင်ပြေကြရဲ့လား ။ နီးစပ်မှုရော ရှိကြရဲ့လား ။ တစ်ဖက်တည်းကပဲ ကြိတ်ပြီး အရူးကြီးလို ဖြစ်ပျက်နေတာများလား ။ ဒါမှမဟုတ် မီ့လို ချိန်ရှဘဝရောက်နေကြတာများလား။ ဘာပဲဖြစ်ဖြစ် crushတွေနဲ့ ပတ်သတ်ပြီး feelချင်နေကြတယ်မလား ။ မီတို့ အမြဲမြင်နေရတာက motivational quote တို့ inspiration quote တို့ alone quote တို့ပဲ များတယ်လေ Crush quote ဆိုတာမျိုးက မြင်ရခဲတယ်မလား ??? ဒီတော့ မီက ယူတို့ feelလို့ ရအောင် ဟောဒီမှာ Quote 10ခု ယူချလာတယ်ကွာ ဖတ်ပြီးသဘောကျရင် crushကြီးကို သွားပြီး ပြောချလိုက်တော့နော်^^ - Your eyes make me shy -You don't have to be genius to figure what's between us - I am afraid to lose you and you're not even mine - The spaces between your fingers are meant to be filled with mine - Loving you is like breathing How I can Stop - I'll be yours forever, just tell me when to start - It's amazing how crazy I feel when my phone vibrates and I'm , begging it to be you - I just had to talk with you.Sweetness is weakness ^^ - If my love for you is a crime, ...

pick a pile ( ....Messages from your loved one.... )

  ....Messages from your loved one.... Hello...Everyone  ယူတို့ ချစ်ရတဲ့သူလေးက ယူတို့ကို ဘယ်လိုမျိုး message လေးတွေ ပို့ပေးချင်တာလဲ? အဲ့ဒီ message လေးတွေကို Kathryna က စုပြီး pick a pile လေးလုပ်ထားပါတယ်ရှင့် Pile လေးတွေကို Sunflower picture လေးတွေနဲ့ လုပ်ထားပါတယ်ရှင့် ကြိုက်ရာရွေး (Kathryna လို နေကြာလည်း မရ အုန်းပင်လည်း မရတဲ့သူတွေလည်း ဒီမှာ စိတ်ကြိုက်ရွေး)  Pile လေးတွေကို မရွေးခင် စိတ်ကို Relax ဖြစ်အောင်ထားပေးပါ..  ပြီးမှ pile လေးတွေကို သေချာရွေးပေးနော်... လိုအပ်ချက်လေးတွေရှိရင်လည်း ဖြည့်တွေးပေးပါရှင့်.. #Kathryna Pile - 1  ဖတ်ရန် Pile - 2 ဖတ်ရန် Pile - 3 ဖတ်ရန် 

Chelsea Vs Man City ပွဲပြီးသုံးသပ်ချက်

  Chelsea 0-1 City      အမှန်တိုင်းပြောရမယ်ဆိုရင် ဒီပွဲကို Pep Guardiola က ပိုပြီးဖိအားများနေမယ်လို့ ထင်ခဲ့မိတာပါပဲ။ ရှေ့မှာ champions league final အပါအဝင် Tuchel ကို ၃ပွဲဆက်အရေးနိမ့်ထားသလို လက်ရှိ chelsea ရဲ့ form ကလည်း ကြောက်စရာပါပဲ။ ဒါပေမယ့် ပွဲထဲ ရောက်တဲ့အခါမှာတော့ ဆရာ pep တစ်ယောက် အိမ်စာကောင်းကောင်းလုပ်ခဲ့တာကို တွေ့ရပါတယ်။ Chelsea လိုအသင်းကို ပွဲစထဲက အကောင်းမွန်ဆုံး ထိန်းချုပ်သွားနိုင်ပြီး player တွေကလည်း နည်းပြရဲ့တောင်းဆိုမှုအောက်မှာ အပြည့်အဝဖြည့်စည်းပေးနိုင်ခဲ့တယ်လို့ ထင်ပါတယ်။      Line up မှာ Tuchel ဟာ စပါးနဲ့ရှေ့ပွဲတုန်းက အကွက်ပြသွားခဲ့တဲ့ Jorginho, Kovacic,kante ၃ ယောက်တန်းကွင်းလည်ကို ပြန်လည်ထုတ်သုံးခဲ့ပေမယ့် Nuno Santos နဲ့ Pep Guardiola အကြား ကွာဟချက်ကြီးမားတာကို သတိပြုမိဟန်မတူပါဘူး။ Attacking midfielder တွေကို မထည့်ပဲ တိုက်စစ်မှူးတွေဆီ တိုက်ရိုက်ပေးပို့ပြီး counter ဖောက်ဖို့ ကြိုးစားခဲ့ပုံပါပဲ။ဒါကြောင့် ပြေးအား၊ရုန်းအားကောင်းတဲ့ Werner ကို Lukaku နဲ့တွဲပြီး ထုတ်လာခဲ့ပါတယ်။  ဒါပေမယ့် UCL final က အမှားကို ကောင်းကောင်းနားလည်သွားတဲ့ pep ...

That's okay - D. O. (EXO)

       ဒီလိုကာလမှာ Admin တို့အပါအဝင် သူငယ်ချင်းမိတ်ဆွေတွေ အားလုံးနီးပါးလည်း မွန်းကြပ်သလို ခံစားရပြီး စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေမိကြမှာပါ။ ငိုလိုက် ရီလိုက်၊ စိတ်အတက်အကျများစွာနဲ့ တော်တော် အဆင်မပြေ ဖြစ်နေကြရပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ဖြစ်နေတဲ့ အခြေအနေမှာလည်း ကိုယ့်ကိုကိုယ် ဘယ်လိုစဥ်းစားပြီး အဆင်ပြေအောင် နေသွားမလဲ ဆိုတာလေးကို D.O. ( EXO )ရဲ့ တည်ငြိမ်ချိုသာတဲ့ အသံလေးနဲ့ သီဆိုထားတဲ့ " That's okay " ( အဆင်ပြေပါတယ် ) ဆိုတဲ့ သီချင်းလေးထဲမှာ နားဆင်ခံစားကြည့်ကြရအောင်နော်။ " That's okay "ဆိုတဲ့ သီချင်းtitle အတိုင်းပါပဲ lyrics တွေကို သေချာခံစားရင်း သီချင်းလေးကို နားထောင်ကြည့်ရင် တကယ်ကို စိတ်သက်သာရာရစေပြီး healing ဖြစ်စေမှာပါ။  You Tubeက official MVမှာ English sub lyrics မပါလို့ lyricsကို ဖတ်ကြည့်ပြီး သေချာခံစားနားဆင်လို့ရအောင် TRaNS pageက Myanmar sub lyrics နဲ့ videoလေးကိုပဲ တင်ပေးလိုက်ပါတယ်နော်။ Video credit to TRaNS page🙇‍♀️

Should we wash our hair during period?

  အမျိုးသမီးတွေမှာ "ဓမ္မတာလာနေစဥ် ခေါင်းမလျှော်သင့်ဘူး" ဆိုတဲ့ ယူဆချက်ဟာ မှန်ပါရဲ့လား။ အဖြေကတော့ လုံးဝ မမှန်ပါဘူးနော်။ ဒါဟာ ယူဆချက်အမှားပါ။ တကယ်ဆိုရင် ဓမ္မတာလာနေစဥ်မှာ ချွေးထွက်များတာကြောင့် ခါတိုင်းထက် ပိုပြီး သန့်ရှင်းစင်ကြယ်နေဖို့ အရေးကြီးပါတယ်။ ပုံမှန်ရက်တွေလိုပဲ ရေချိုး၊ ခေါင်းလျှော်၊ သန့်ရှင်းအောင်လုပ်ပြီး စိတ်ကို ကြည်လင်လန်းဆန်းနေအောင် လုပ်ပေးရပါမယ်။ ဒါပေမယ့် ဓမ္မတာလာနေစဥ်မှာ အလွန်အေးတဲ့ရေနဲ့ ရေချိုး၊ ခေါင်းလျှော်မယ်ဆိုရင်တော့ သွေးကြောတွေ ကျုံ့သွားပြီး ရာသီသွေးဆင်းတာကို ရပ်စေတတ်ပါတယ်။ အဲ့နောက်မှာတော့ ကြွက်တတ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အေးတဲ့ရာသီမှာမျိုးဆိုရင် ရေနွေးလေးနဲ့ ချိုးပေးတာက ပိုအဆင်ပြေစေမှာပါ။

Arsenal vs Tottenham ပွဲကြိုသုံးသပ်ချက်

                            Arsenal Vs Spurs တနင်္ဂနွေနေ့ညရဲ့ အကောင်းဆုံးပွဲစဥ်လို့ဆိုရမယ့်  မြောက်လန်ဒန်ဒါဘီကတော့ ဒီည 10 နာရီမှာ ကစားပါတော့မယ်။အာစင်နယ်နဲ့စပါးတို့ကတော့ အမ်းမရိတ်ကွင်းကြီးထဲမှာ အကြိတ်အနယ်ယှဥ်ပြိုင်ကြတော့မှာပါ။ ဒါဘီဆိုတဲ့အတိုင်း ကျွန်တော်တို့မျှော်လင့်နေတဲ့ ပွဲကောင်းတစ်ပွဲမြင့်တွေ့ရပါ့မလားဆိုတာကတော့ မသေချာပါဘူး။ ဒါပေမယ့် ဒီရာသီစွမ်းဆောင်ရည်တွေကြောင့် ဖိအားတွေအောက်ရောက်နေတဲ့နှစ်သင်းဆိုပေမယ့် အစဥ်အလာပြိုင်ဘက်တွေမို့ ပွဲကောင်းတစ်ပွဲ မြင်တွေ့ခွင့်ရဖို့ ကျွန်တော်တို့မျှော်လင့်မိမှာအသေချာပါပဲ။ အာစင်နယ်အသင်းကတော့ 5 ပွဲကစားပြီး နှစ်ပွဲနိုင် 3 ပွဲရှုံးနိမ့်ထားတယ်။ မန်စီးတီး၊ချဲဆီးတို့လိုပွဲကြပ်တွေမှာ အရေးနိမ့်ထားတာမို့ သိပ်ပြီးစိုးရိမ်စရာမရှိဘူးလို့ထင်စရာရှိပါတယ်။ ဒါပေမယ့် 5 ပွဲမှာ သွင်းဂိုးနှစ်ဂိုးသာသွင်းယူထားနိုင်တာကတော့ အာစင်နယ်ရဲ့အမှတ်တံဆိပ်နဲ့ ဘယ်လိုမှ မအပ်စပ်ပါဘူး။ အနိုင်ရခဲ့တဲ့ နှစ်ပွဲမှာလည်း တဈလုံးတညျးသောဂိုူတှနေဲ့သာ အနိုင်ရခဲ့တာမို့ တိုက်စစ်ပိုင်းစွမ်းဆောင်ရည်က မေးခွန်းထုတ်ချင်စရာပါ။ အာတီတာရဲ့ နည်း...

အဆင်မပြေခြင်းမီးခိုးများ - ရိုးဒီ

  ညနေချိန်ခါလေးမှာ ကဗျာလေး နားဆင်ရင်း ဖြတ်သန်းလိုက်ကြရအောင်။ 

Team Single

အချစ် ဆိုတဲ့ အရာကို မြင်လိုက်တာနဲ့ ဘာကို စတွေးမိပါသလဲ။ တချို့က အချစ် ဆိုတာ ချိုမြိန်တယ်၊ ကြည်နူးစရာကောင်းတယ်၊ နှစ်လိုဖွယ်ကောင်းတယ်၊ ကမ္ဘာကြီးမှာ အချစ်က အရေးကြီးတယ် ဒီလိုတွေးမိတတ်ကြပါတယ်။ တချို့ကတော့ အချစ်က အလကား၊ အချစ်က ပူလောင်တယ်၊ အချစ်ဆိုတာ အဆိပ်လိုပဲ လူကို ဒုက္ခပေးတယ် စသည်ဖြင့်ပေါ့။ သူများကို ချစ်မယ့်အစား ကိုယ့်ကိုယ်ကိုယ်ချစ်ကြည့်ရင်ကော….. တစ်ယောက်တည်း နေပြီး အချစ်ကို အပြည့်အဝခံစားနိုင်တဲ့ Single တွေရဲ့ အားသာချက်တွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ 1.ကိုယ့်ကိုယ်ကိုယ် အချိန်‌ပိုပေးပြီး ဂရုစိုက်နိုင်ခြင်း ဘဝမှာ လုပ်ချင်တာတွေကို ကြိုက်တဲ့အချိန်မှာ ကြိုက်သလို လုပ်နိုင်တဲ့ လွတ်လပ်ခြင်းမျိုးဆိုတာ single တွေဆီမှာပဲ ရှိပါတယ်။ နေရာအသစ်တွေ ပြောင်းမယ်၊ သူငယ်ချင်းအသစ်တွေ ဖွဲ့မယ်၊ ကိုယ့်စိတ်ကြိုက် ဝါသနာတွေကို လွတ်လပ်စွာလုပ်မယ်။ တွေးကြည့်ရုံနဲ့တင် ကောင်းကင်က ငှက်ကလေးလို ခံစားသွားရတယ်ဟုတ်။ 2.တစ်ကိုယ်တော် ခရီးတွေ ထွက်လို့ရခြင်း ဘဝမှာ တစ်ယောက်ထဲ ခရီးရှည်ကြီး ထွက်ဖူးချင်တဲ့ သူတွေရှိလား။ ဘယ်သူ့ခွင့်ပြုချက်မှ တောင်းစရာမလိုပဲ စွန့်စားခန်းတွေ ထုတ်လို့ရမယ်ဆိုရင်ရော။ 3.အချစ်စစ်နဲ့ တွေ့ဖို့ အချိန်ပိုရ  R...

United Vs Aston Villa ပွဲကြိုသုံးသပ်ချက်

  မန်ချက်စတာယူနိုက်တက်အသင်းကတော့ ကြားရက် ဝက်ဟမ်းကို ရှုံးနိမ့်ပြီး ဖလားတစ်လုံး စောစောစီးစီးလက်လွှတ်လိုက်ရပါပြီ။ အဓိကကစားသမားအများစုကို အနားပေးခဲ့တယ်ဆိုပေမယ့် ပွဲထွက်ကစားခဲ့တဲ့ လူစာရင်းကလည်း အတော်အသင့်တောင့်တင်းပေမယ့် စိတ်မကောင်းစွာနဲ့ နိုင်ပွဲကို လက်လွှတ်ခဲ့ရပါတယ်။ ဒီပိတ်ရက်မှာတော့ Aston Villa အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဥ် ကစားရပါမယ်။ ချန်ပီယံဖြစ်ချင်တယ်ဆိုရင်တော့ ချန်ပီယံအရည်အချင်းရှိဖို့ လိုတာမို့ အကောင်းဆုံးလူစာရင်းနဲ့ပဲ ပွဲထွက်လာမယ်ထင်ပါတယ်။ နောက်ကြားရက်မှာ ယူရိုပါလိဂ် Final ရှုံးကြွေးအပြင် နောက်တစ်ဆင့်အတွက် အလားအလာကောင်းဖို့ ချန်ပီယံလိဂ်မှာ ဗီလာရီးရဲကိုလည်း ရှုံးလို့မဖြစ်ပါဘူး။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်ရဲ့ လူစာရင်းကလည်း စစ်မျက်နှာနှစ်ဖက် ကောင်းကောင်းဖွင့်လို့ရတဲ့ လူစားရင်းကို ပိုင်ဆိုင်ထားတာမို့ ဒီတစ်ပတ် ဗီလာနဲ့ ပွဲကိုလည်း  သုံးမှတ်ယူဖို့ကြိုးစားမှာပါ။ ပွဲထွက်လူစားရင်းကတော့ နားလည်မှုအလျင်အမြန်တည်ဆောက်နိုင်ဖို့အတွက် မက်ကွဲယား၊ဗာရန်း၊ ရှော ၊ ဘက်ဆာကာတို့ပဲ ပွဲထွက်လာဖို့ရှိတယ်။ ဂိုးထဲမှာတော့ ဟန်ဒါဆန် ပွဲထွက်ဖို့အသင့် ဖြစ်နေပြီဆိုပေမယ့် ဒီဂီယာကိုပဲ ဆက်လက်မြင်တွေ့ရမယ်...

Salem town

       သဘာဝလွန် ရုပ်ရှင် ဇာတ်လမ်းတွေ စုန်းကဝေ ပုံပြင်တွေ နှစ်သက်သူတွေအတွက် Salem​ဆိုတဲ့ မြို့လေးဟာ မစိမ်းလောက်ဘူးလို့ထင်ပါတယ်။ဟုတ်ပါတယ်။ Salemမြို့လေးဟာ စုန်းကဝေဇာတ်လမ်းတွေနဲ့ နာမည်ကြီးတဲ့မြို့လေးဖြစ်ပြီး Massachusetts ပြည်နယ်မှာ တည်ရှိပါတယ်။ halloween လဖြစ်တဲ့ October မှာလည်း ဒီမြို့လေးရဲ့ စိတ်လှုပ်ရှားစရာ eventsတွေမှာ ဆင်နွှဲဖို့ ကမ္ဘာအနှံ့အပြားက ခရီးသွားထောင်ပေါင်းများစွာဟာ လာရောက်လည်ပတ်လေ့ ရှိကြပါတယ်။ ဒီမြို့လေး ဘယ်လိုများ စုန်းကဝေဇာတ်လမ်းတွေနဲ့ ဆက်နွယ်မှု ရှိနေမလဲဆ်ိုတာ ဆက်ဖတ်ကြည့်ရအောင်။ ၁၇ရာစုမှာ salem ဆိုတဲ့ နာမည်နဲ့ နေရာနှစ်ခု ရှိခဲ့ပါတယ်။ တစ်ခုက Massachusetts ပင်လယ်အော်မှာ ရှိတဲ့ Salem townနဲ့ နောက်တစ်ခုက အဲ့ဒီအနီးအနားက လယ်ယာလုပ်ငန်း အဓိကလုပ်ကိုင်တဲ့ လူနည်းစုနေထိုင်ကြတဲ့ salem village (အခုအခါ danvers လို့ ခေါ်တဲ့) ​ရွာလေးပဲ ဖြစ်ပါတယ်။ ၁၆၈၉ ခုနှစ်မှာ salem village ဆီကို samuel parris လို့ ​ခေါ်တဲ့ သင်းအုပ်ဆရာတစ်ဦးဟာ သူရဲ့ ဇနီးသည်၊ သားသမီးသုံးယောက်၊ တူမဖြစ်သူ၊ အစေခံ၂ယောက်နဲ့အတူ ပြောင်းရွေ့လာခဲ့တာက အစပြုခဲ့ပါတယ်။ ​အစေခံနှစ်ဦးထဲက တစ်ဦးဖြစ်သူ titubaဟာ p...